ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ ဒေါ်လာနှင့် ရွှေများကို ခင်ပွန်းဖြစ်သူအတွက် စီစဉ်ပေးခဲ့ရကြောင်း ဒေါ်ခင်မိမိကြွယ် ထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုအတွက် NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ဇနီး ဒေါ်ခင်မိမိကြွယ်က ယနေ့ရုံးချိန်းတွင် သက်သေလာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဒေါ်ခင်မိမိကြွယ်နှင့်ခင်ပွန်း

ဦးဖြိုးမင်းသိန်းကတောင်းဆို၍ ဒေါ်အောင်ဆန်းစုကြည်ကို ပေးရန်အတွက် ဆိုင်မှရွှေများကို အခေါက်တုံးများ ပြုလုပ်ခဲ့ကြောင်း၊ ဒေါ်လာဝယ်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။

သို့သော် ထိုပစ္စည်းများကို ဦးဖြိုးမင်းသိန်းကသွားပေးရာတွင် သူမအနေဖြင့် လိုက်ပါသွားခြင်း မရှိကြောင်းနှင့် ရက်စွဲများကိုလည်း အတိအကျမမှတ်မိကြောင်း ထွက်ဆိုသွားသည်ဟု သိရသည်။

စစ်ကောင်စီတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိအမှု ၄ မှုဖြင့် တရားရင်ဆိုင်နေရပြီး အဆိုပါအမှုအတွက် ရုံးချိန်းကို အပတ်စဉ်သောကြာနေ့တိုင်း ခေါ်ယူစစ်ဆေးလျက်ရှိသည်။
ဒေါ်ခင်မိမိကြွယ်နှင့်ခင်ပွန်း

ေဒၚေအာင္ဆန္းစုၾကည္ကို ေပးဖို႔ ေဒၚလာႏွင့္ ေ႐ႊမ်ားကို ခင္ပြန္းျဖစ္သူအတြက္ စီစဥ္ေပးခဲ့ရေၾကာင္း ေဒၚခင္မိမိႂကြယ္ ထြက္ဆို

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားသည့္ အဂတိအမႈအတြက္ NLD အစိုးရလက္ထက္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၏ဇနီး ေဒၚခင္မိမိႂကြယ္က ယေန႔႐ုံးခ်ိန္းတြင္ သက္ေသလာေရာက္ထြက္ဆိုခဲ့ေၾကာင္း သိရသည္။

ဦးၿဖိဳးမင္းသိန္းကေတာင္းဆို၍ ေဒၚေအာင္ဆန္းစုၾကည္ကို ေပးရန္အတြက္ ဆိုင္မွေ႐ႊမ်ားကို အေခါက္တုံးမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ေဒၚလာဝယ္ေပးခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္ဟု တရား႐ုံးႏွင့္ နီးစပ္ေသာ အသိုင္းအဝိုင္းမွ သိရသည္။

သို႔ေသာ္ ထိုပစၥည္းမ်ားကို ဦးၿဖိဳးမင္းသိန္းကသြားေပးရာတြင္ သူမအေနျဖင့္ လိုက္ပါသြားျခင္း မရွိေၾကာင္းႏွင့္ ရက္စြဲမ်ားကိုလည္း အတိအက်မမွတ္မိေၾကာင္း ထြက္ဆိုသြားသည္ဟု သိရသည္။

စစ္ေကာင္စီတရား႐ုံးက ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အဂတိအမႈ ၄ မႈျဖင့္ တရားရင္ဆိုင္ေနရၿပီး အဆိုပါအမႈအတြက္ ႐ုံးခ်ိန္းကို အပတ္စဥ္ေသာၾကာေန႔တိုင္း ေခၚယူစစ္ေဆးလ်က္ရွိသည္။

Leave a Reply

Your email address will not be published.