PDFတပ်ဖွဲ့ဝင်မိုင်းမိုင်ဆိုင်း၏တော်လှန်ရေးရင်ခုန်သံဒီပုံတွေတင်တာနဲ့ပတ်သက်ပြီးMCCအဖွဲ့ဝင်တစ်ယောက်ကမေးဘာလို့ပုံတွေတဇွတ်ထိုးတင်နေတာလဲနင့်ရှေ့ရေးဘယ်လိုလုပ်မလဲ၊သီချင်းဘယ်လိုဆိုစားတော့မလဲ???ဖြေကျနော်မှ မဖြစ်ချင်တော့လို့ကိုတင်တာပါ ။

ကျနော်ဟာPDFစစ်သားတစ်ယောက်ပါကျနော်လိုဘဲအားလုံးစွန့်လွတ်ပြီးPDFထဲဝင်လာသူညီအစ်ကိုမောင်နှမများစွာရှိပါတယ်။ကျနော့ထက်တောင်အရင်းအနှီးကြီးတဲ့သူတွေဒုနဲ့ဒေးပါ။မိဘတွေcovidကြောင့်ဆုံးသွားတဲ့မောင်နှမတွေအများကြီးပါ။ထပ်တူကြေကွဲရပါတယ်။

ကျနော်က ဒိတ်ဒိတ်ကျဲ နာမည်ကြီး မဟုတ်ပေမယ့်ကျနော့်အရှိန်အဝါကဘာမှမရှိ ပေမယ့် အတူတူစွန့်လွတ်စွန့်စားနေတဲ့ ရဲဘော်ရဲဖက် သူငယ်ချင်းများအားလုံးနည်းနည်းလေးဖြစ်ဖြစ်အားတက်သွားစေချင်လို့တင်တာပါ။

ခင်များတို့ဘဲမဟုတ်ပါဘူးကျနော်လည်းခင်များတို့နဲ့အတူတူပါဆိုတာသိစေချင်တာပါ။ဒီလိုတွေတင်လို့ဘာတွေထိခိုက်ဆုံးရှုံးရမယ်ကျနော်သိပါတယ်။အိမ်ပြန်လို့မရ၊အရင်လိုလွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ရမရတော့ဘုရားဘဲသိတော့မယ်။ကိုယ့်ဖာကို ဖြေသိမ့်ထားပြီးသားဆုံးဖြတ်ပြီးသားပါ။

ကျနော်ဟာအရမ်းနာမည်ကြီးအနုပညာသမားမဟုတ်ပေမယ့်မြန်မာနိုင်ငံတော်တော်နံ့နံ့သီချင်းဆိုဖူးသွားပြီ။ရောက်ဖူးပြီးသွားပြီ။ကမ်းခြေတွေလည်းမရောက်ဖူးတဲ့ကမ်းခြေမရှိသလောက်ရောက်ဖူးပျော်ဖူးသွားပြီ။နိုင်ငံခြားခရီးစဉ်တွေလည်းသူများထက် ပိုသွားဖူးရောက်ဖူး ဆိုဖူးပြီ။

အစားကောင်းတွေလည်းကောင်းပေ့ဆိုတာတွေကျနော်စားဖူးပြီ။ကျနော့်အတွက်လုံလောက်ပါပြီကျေလည်းကျေနပ်သင့်ပါပြီသွားဖူး၊ လာဖူး၊ စားဖူး တဲ့အရသာတွေသိနေတော့ ပြန်တမ်းတ မိရုံကလွဲလို့ ရောင့်ရဲနိုင်ပါပြီ။ကျနော်ကဘဲ အရမ်းဆုံးရှုံးသူကြီးလို ကြောက်နေ ဝမ်းနည်းနေရင် ကျနော့်ထက်ပို နာမည်ကြီးတဲ့ မိတ်ကပ်မေဦးတို့၊ထားထက်ထက်တို့ နိုဗန်ထူး တို့က ရီနေပါဦးမယ်

ဒီတော့အေးချမ်းသွားတဲ့တစ်နေ့ပြန်လာလို့ရရင်လည်းလာမယ်။မရရင်လည်းပိုကောင်းတဲ့နေရာမှာပိုကောင်းတဲ့အနေအထားနဲ့ရှိရင်ရှိနေမယ်။မဟုတ်ရင်လည်းတောင်ပေါ်‌ဒေသမှာအိမ်လေးဆောက်စိုက်ခင်းတွေလုပ်ပြီးအေးအေးချမ်းချမ်းနေသွားမယ်အဝေးကနေသီချင်းတွေဖန်တီးပြီး

ကျနော့ရဲ့ YouTube channel နဲ့ Page တွေကနေတင်ပေးသွားမယ်။အဲဒီ အခြေနေ‌ တွေအထိမရောက်ဘဲသေသွားမယ် ဆိုလည်း လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီမို့ ကျေကျေနပ်နပ် သေသွားပါမည်ဟုဖြေကြားထားပါသည်။

Zawgyi

အရာရာကိုစြန္႔လႊတ္ၿပီး ျပည္သူအတြက္ ကိုယ္က်ိဴးစြန္႔ခဲ့တဲ့ ကခ်င္တိုင္းရင္သူေလး အဆိုေတာ္မိုင္မိုင္းဆိုင္ႏွင့္လ်ပ္တပ်က္ အင္တာဗ်ဴးPDF တပ္ဖြဲ႕ဝင္ မိုင္းမိုင္ဆိုင္း၏ ေတာ္လွန္ေရးရင္ခုန္သံဒီပုံေတြတင္တာနဲ႔ပတ္သက္ၿပီး MCC အဖြဲ႕ဝင္တစ္ေယာက္ကေမး- ဘာလို႔ပုံေတြတဇြတ္ထိုးတင္ေနတာလဲနင့္ေရွ႕ေရးဘယ္လိုလုပ္မလဲ၊သီခ်င္းဘယ္လိုဆိုစားေတာ့မလဲ???ေျဖ- က်ေနာ္ဘာမွ မျဖစ္ခ်င္ေတာ့လို႔ကိုတင္တာပါ ။

က်ေနာ္ဟာPDFစစ္သားတစ္ေယာက္ပါက်ေနာ္လိုဘဲအားလုံးစြန႔္လြတ္ၿပီးPDFထဲဝင္လာသူညီအစ္ကိုေမာင္ႏွမမ်ားစြာရွိပါတယ္။က်ေနာ့ထက္ေတာင္အရင္းအႏွီးႀကီးတဲ့သူေတြဒုနဲ႔ေဒးပါ။မိဘေတြcovidေၾကာင့္ဆုံးသြားတဲ့ေမာင္ႏွမေတြအမ်ားႀကီးပါ။ထပ္တူေၾကကြဲရပါတယ္။က်ေနာ္က ဒိတ္ဒိတ္က်ဲ နာမည္ႀကီး မဟုတ္ေပမယ့္

က်ေနာ့္အရွိန္အဝါကဘာမွမရွိေပမယ့္အတူတူစြန႔္လြတ္စြန႔္စားေနတဲ့ရဲေဘာ္ရဲဖက္သူငယ္ခ်င္းမ်ားအားလုံးနည္းနည္းေလးျဖစ္ျဖစ္အားတက္သြားေစခ်င္လို႔တင္တာပါ။ခင္မ်ားတို႔ဘဲမဟုတ္ပါဘူးက်ေနာ္လည္းခင္မ်ားတို႔နဲ႔အတူတူပါဆိုတာသိေစခ်င္တာပါ။ဒီလိုေတြတင္လို႔ ဘာေတြထိခိုက္ဆုံးရႈံးရမယ္က်ေနာ္သိပါတယ္။

အိမ္ျပန္လို႔မရ၊အရင္လိုလြတ္လပ္စြာသြားလာလႈပ္ရွားခြင့္ရမရေတာ့ဘုရားဘဲသိေတာ့မယ္။ဒါေပမဲ့ကိုယ့္ဖာကိုေျဖသိမ့္ထားၿပီးသားဆုံးျဖတ္ၿပီးသားပါ။က်ေနာ္ဟာအရမ္းနာမည္ႀကီးအႏုပညာသမားမဟုတ္ေပမယ့္ျမန္မာႏိုင္ငံေတာ္ေတာ္နံ႔နံ႔သီခ်င္းဆိုဖူးသြားၿပီ။ေရာက္ဖူးၿပီးသြားၿပီ။ကမ္းေျခ ေတြလည္း မေရာက္ဖူးတဲ့ ကမ္းေျခမရွိသေလာက္ ေရာက္ဖူး ေပ်ာ္ဖူးသြားၿပီ။

ႏိုင္ငံျခားခရီးစဥ္ေတြ လည္းသူမ်ားထက္ ပိုသြားဖူးေရာက္ဖူး ဆိုဖူးၿပီ။အစားေကာင္းေတြ လည္း ေကာင္းေပ့ဆိုတာေတြက်ေနာ္ စားဖူးၿပီ။က်ေနာ့္အတြက္ လုံေလာက္ပါၿပီေက်လည္းေက်နပ္သင့္ပါၿပီသြားဖူး၊ လာဖူး၊ စားဖူး တဲ့အရသာေတြသိေနေတာ့ ျပန္တမ္းတ မိ႐ုံကလြဲလို႔ ေရာင့္ရဲႏိုင္ပါၿပီ။က်ေနာ္ကဘဲ အရမ္းဆုံးရႈံးသူႀကီးလို ေၾကာက္ေန ဝမ္းနည္းေနရင္ က်ေနာ့္ထက္ပို နာမည္ႀကီးတဲ့ မိတ္ကပ္ေမဦးတို႔၊ထားထက္ထက္တို႔ ႏိုဗန္ထူး တို႔က ရီေနပါဦးမယ္

ဒီေတာ့ေအးခ်မ္းသြားတဲ့တစ္ေန႔ ျပန္လာလို႔ရရင္လည္းလာမယ္။ မရ ရင္ လည္း ပိုေကာင္းတဲ့ေနရာမွာ ပိုေကာင္းတဲ့အေနအထားနဲ႔ ရွိရင္ရွိေနမယ္။မဟုတ္ရင္လည္း ေတာင္ေပၚ‌ ေဒသမွာ အိမ္ေလးေဆာက္စိုက္ခင္းေတြလုပ္ၿပီး ေအးေအးခ်မ္းခ်မ္းေနသြားမယ္အေဝးကေနသီခ်င္းေတြဖန္တီးၿပီးက်ေနာ့ရဲ႕ YouTube channel နဲ႔ Page ေတြကေနတင္ေပးသြားမယ္။အဲဒီ အေျခေန‌ ေတြအထိမေရာက္ဘဲေသသြားမယ္ ဆိုလည္း လုပ္ႏိုင္သေလာက္ အေကာင္းဆုံးလုပ္ခဲ့ၿပီမို႔ ေက်ေက်နပ္နပ္ ေသသြားပါမည္ဟုေျဖၾကားထားပါသည္။

Leave a Reply

Your email address will not be published.