ချမ်းသာကြွယ်ဝပြီးကံကောင်းစေတဲ့မှဲ့ ၈ မျိုးလူတိုင်းရဲ့ခန္ဓာကိုယ်ပေါ်တွင်မှဲ့ဆိုတာရှိပါတယ်။ ဒါပေမယ့်လူတွေတော် တော်များများကမှဲ့ဆိုတာဘာဖြစ်ရမှာလဲဘာမှလည်းမဟုတ်ဘူးဒီတိုင်းပဲဆိုပြီးတော့ရိုးရိုးလေးပဲတွေးတတ်ကြပါတယ်။တကယ်တော့မှဲ့ဆိုတာလူတစ်ယောက်ရဲ့ကောင်းကျိုးဆိုးကျိုးကိုပါ

တိုက်ရိုက်ဖော်ပြလေ့ရှိတယ်ဆိုတဲ့အချက်တစ်ချက်ကိုတော့လူအများကမသိကြသေးလို့ပါသိများသိရင်တော့ ဒီမှဲ့တွေကဒီလိုတွေပါလားဆိုပြီးတော့အံ့သြော်နေကြမှာအသေအချာပါပဲ ဒီတစ်ခါမှာတော့မိန်းကလေးတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်နေတဲ့ထူးဆန်းတဲ့မှဲ့များအကြောင်းကိုအခုလိုပဲတင်ပြပေးလိုက်ပါတယ်

၁- မိန်းကလေးတစ်ယောက်ရဲ့နဖူးပြင်၏မျက်ခုံးအထက်နားတွင်မှဲ့မည်းတစ်လုံးတည်းရှိလျှင်ဂုဏ်ဓနနှင့်ကျော်စောတဲ့လင်ယောက်ျားကိုရတတ်ပါတယ်

ဒါပေမယ့်အဲဒီမိန်းကလေးဟာအိမ်ထောင်ဆက်များတတ်တယ် သားယောကျင်ားလေးတွေထွန်းကားတတ်တဲ့မိခင်ပဲဖြစ်ပါတယ်

၂ – မိန်းကလေးတစ်ယောက်ရဲ့ညာဘက်နားထင်မျက်ခုံး၏အနီးအနားပတ်ဝန်းကျင်တွင်မှဲ့ရှိနေလျှင်ငယ်ရွယ်စဉ်ကဆင်းရဲ၍ကြီးသောအခါချမ်းသာတတ်ပါတယ်

ပြီးတော့အဲဒီမိန်းကလေးဟာအိုဇာတာကံကောင်းမည်မိမိသြဇာကိုနာခံတတ်တဲ့လင်ယောက်ျားအားရတတ်တယ် အလုပ်အကိုင်မှန်သမျှကိုကိုယ့်ကပဲဦးစီးဦးဆောင်ပြုလုပ်ရတတ်တယ် သားယောက်ျားမွေးပြီးမိမိကိုပြန်အကျိုးပေးတတ်ပါတယ်

၃- မိန်းကလေးတစ်ယောက်ရဲ့အထက်နှုတ်ခမ်း သို့ အောက်နှုတ်ခမ်းအနီးတဝိုက်တွင်မှဲ့ရှိလျှင်မိမိကိုချစ်မြတ်နိုးတဲ့ယောက်ျားများပေါများတတ်တယ် ယောက်ျားများ၏နှစ်နှစ်ကာကာချစ်မြတ်နိုးခြင်းကိုခံရမည်

မိမိကိုယ်တိုင်လည်းအချစ်နှင့်ပတ်သက်လျှင်အစွဲအလမ်းစိတ်ကြီးမားတတ်တယ် ပြီးတော့ထိုမိန်းကလေးဟာအစားအသောက်ကောင်းများကိုအထူးကြိုက်နှစ်သက်တတ်တဲ့သူပဲဖြစ်ပါတယ်။

၎- မိန်းကလေးတစ်ယောက်ရဲ့ဘယ်ဘက်ပါးပြင်မို့တွင်မှဲ့ရှိလျှင် စိတ်နု၍အညှာလွယ်တတ်ပါတယ် တစ်ဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲလွယ်လွယ်နဲ့အယုံလွယ်တတ်တယ် ဒါပေမယ့်အဲဒီမိန်းကလေးဟာယောကျင်ားများ၏စိတ်ဝင်စားခြင်းအရေးပေးခြင်းကိုတော့အထူးခံရတတ်ပါတယ်

၅- မိန်းကလေးတစ်ယောက်ရဲ့ညာ ဘက်ပါးပြင်မို့တွင်စံပယ်တင်မှဲ့ရှိလျှင်လူချစ်လူခင်များတတ်တယ် ပြီးတော့စန်းအလွန်ပွင့်တတ်တယ်အဲဒိမိန်းကလေးဟာလင်ယောကျာ်းအပေါ်လည်း သစ္စာရှိတတ်တယ်အလုပ်အကိုင်အဆင်ပြေ၍အောင်မြင်ကျော်ကြားမည်။မကြာခဏကံကောင်းတတ်တဲ့သူလည်းဖြစ်ပါတယ်။

၆- မိန်းကလေးတစ်ယောက်ရဲ့လည်ပင်းတွင်မှဲ့ရှိလျှင်အဲဒီမိန်းကလေးဟာဘဝတွင်သူများမတူတဲ့ချမ်းသာကြွယ်ဝမှုကိုပိုင်ဆိုင်ရတတ်တယ်

၇- မိန်းကလေးတစ်ယောက်ရဲ့ဘယ်ညာလက်မောင်းသို့ဘယ်လက်ဖျံညာလက်ဖျံတွင်မှဲ့ရှိလျှင်ပင်ပင်ပန်းပန်းနဲ့ သူများတွေလိုလုပ်ကိုင်စားသောက်ခြင်းမပြုရဘဲဘဝကိုအပူအပင်းကင်းကင်းအေးအေးချမ်းချမ်းနှင့်နေထိုင်ရတတ်ပါတယ်။၈။မိန်းကလေးတစ်ယောက်ရဲ့ညာဘက်သားမြတ် သို့ ဘယ်ဘက်သားမြတ်ပေါ်တွင်

မှဲ့တလုံးထက်ပိုပြီးတော့များစွာရှိနေလျှင်ငယ်စဉ်ကမိဘတို့၏စွန့်ပစ်ခြင်းကိုခံရတတ်တယ်။ထိုမိန်းကလေးဟာ ပစ္စည်းချမ်းသာသော်လည်းစိတ်မချမ်းသာခြင်းဖြစ်ရတတ်တယ် လောဘရမ္မက်ကြီးတတ်တယ် အခန့်မသင့်ရင်မုဆိုးမလည်းဖြစ်တတ်တယ် ကံလည်းဆိုးတတ်ပါတယ်

၉- မိန်းကလေးတစ်ယောက်ရဲ့ရင်၏အလယ်ဗဟိုတည့်တည့်တွင်မှဲ့ရှိလျှင် ပစ္စည်းဥစ္စာတွေပြည့်စုံတတ်ပါတယ်။ ထိုမိန်းကလေးဟာမိမိအပေါ်အလိုလိုက်အကြိုက်ဆောင်မည့်လင်ယောက်ျားကိုလည်းရတတ်တယ်

သားကောင်းသမီးကောင်းလည်းထွန်းကားတတ်ပါတယ်၁ဝမိန်းကလေးတစ်ယောက်မှဲ့စလွယ်ပါရှိလျှင်ငယ်စဉ်ကဆင်းရဲစေကာမူကြီးသောအခါချမ်းသာကြွယ်ဝလာတတ်ပါတယ် ဗိုလ်ကတော်မယားဖြစ်တတ်ပါတယ်

ထိုမိန်းကလေးဟာလူသိများပြီးတော့ထင်ရှားကျော်ကြားတဲ့လင်ယောကျာ်းကိုရတတ်တယ်။တကယ်လို့ထိယောကျင်ားဟာမည်မျှဆိုးသွမ်းတဲ့ယောကျင်ားဖြစ်စေကာမူမိမိ၏သြဇာကိုနာခံနိုင်မည့်လင်ယောကျာ်းဖြစ်နေတတ်ပါတယ်။ ကဲဒါဆိုအားလုံးပဲမိမိရဲ့မှဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမှတ်သားနိုင်ကြပါစေ

Leave a Reply

Your email address will not be published.