ဟိုးရှေးရှေးတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတဦး ရှိတယ်။ ပြီးတော့ သူဌေးကြီးက မိန်းမ လေးယောက် ယူထားတယ်။ ၄ ယောက်လုံးနဲ့လည်း တအိမ်ထဲ နေပြီးတော့ တယောက်နဲ့ တယောက်ကလည်း ချစ်ခင်ကြတယ်။လေးယောက်မြောက် မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ဝတ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုး မဖြစ်ရအောင် အချိန်ပေးပြီး ဂရုစိုက်တယ်။ သူက ဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှ ပြန်မလုပ်ပေးဘူး။

သူဌေးကြီးဟာသုံးယောက်မြောက်မိန်းမကိုလည်းတော်တော်ချစ်ရှာတယ်။အဲဒီမိန်းမအတွက်အချိန်တွေပေးထားတယ်။အလုပ်တွေကြိုးစားတယ်။သူဌေးကြီးအတွက်အဲဒီမိန်းမကစီးပွားရေးလည်းတဖက်တလမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တခြားတယောက်နဲ့ ပါသွားမှာကို အရမ်း စိုးရိမ်နေပါတယ်။နှစ်ယောက်မြောက် မိန်းမကိုလည်း သူဌေးကြီးက အလွန်ချစ်တယ်။ သူက အတွေးအခေါ် ကောင်းတယ်၊ စဉ်းစား ဆင်ခြင်နိုင်စွမ်း ရှိတယ်။တခါတလေ သူဌေးကြီး စိတ်ဓါတ် ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူ ဖြစ်တယ်။

ပထမမိန်းမကိုတော့သူဌေးကြီးကသိပ်ကြည့်မရဘူး။သူနဲ့အတူတူသွားလာနေတာကလွဲလို့သူ့ကိုဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။သူ့မိန်းမကတော့သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့်သူကတော့သိပ်ဂရုမစိုက်ဘူး။အဲဒီလိုနဲ့တနေ့မှာတော့သူဌေးကြီးမှာ ရောဂါတခု ရပါလေရော။ ဆရာဝန်ကလည်း မကြာခင် သေတော့မယ် လို့ ပြောလိုက်တယ်။ သူဌေးကြီး အိပ်ရာပေါ် လဲပြီ။ သူ့မိန်းမ လေးယောက်က သူ့ကို ဝိုင်းပြုစု ကြတယ်။

အဲဒါနဲ့သူဌေးကြီးကလေးယောက်မြောက်မိန်းမကိုမေးလိုက်တယ်။“ငါသေရင်တမလွန်မှာတယောက်ထဲအဖော်မဲ့နေမယ်ရှင်မရေ၊မင်းငါနဲ့တမလွန်ကိုလိုက်ခဲ့မလား”လို့မေးလိုက်တယ်။သူ့မိန်းမကသူ့နားကထွက်သွားတယ်။ပြီးတော့ခေါင်းခါပြတယ်။ဒါနဲ့သုံးယောက်မြောက်မိန်းမကိုမေးပြန်တယ်။“လိုက်လို့မရဘူး၊ကျမဘဝကဒီအချိန်မှာပျော်စရာကောင်းနေပြီ၊ရှင်သေရင် ကျွန်မက နောက်တယောက်ဆီ လိုက်သွားမှာပဲ” လို့ ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။

နှစ်ယောက်မြောက်မိန်းမကိုမေးပြန်တယ်။“စိတ်မကောင်းပါဘူးငါနင်နဲ့အတူလိုက်မသေနိုင်ဘူး၊ငါနင့်ကိုတော့အုတ်ဂူအထိ လိုက်ပို့ပါ့မယ်”သူဌေးကြီး လုံးဝ စိတ်ထိခိုက် သွားတယ်။ ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။ ပထမ မိန်းမကတော့ “ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်” လို့ ဖြေလိုက်တယ်။ သူဌေးကြီးလည်း ပထမမိန်းမကို ဝမ်းသာအားရ ပွေ့ဖက်လိုက်တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဒီပုံပြင်ထဲက လေးယောက်မြောက် မိန်းမဆိုတာ တခြား မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ပါပဲ။ ကျနော်တို့ဟာကိုယ့်ခန္ဓာကိုအလှအပတွေဆင်၊မဖျားနာအောင်ဂရုစိုက်တာတောင်မှသေရင်ကျနော်တို့နဲ့အတူလိုက်နိုင်မှာ မဟုတ်ပါဘူး။တတိယ မိန်းမကတော့ စီးပွားဥစ္စာကို ရည်ညွန်းပါတယ်။ ကျနော်တို့ ဘယ်လောက် ရှာခဲ့ ရှာခဲ့ သေရင် ကိုယ့်သားသမီး၊ တခြားလူတွေဆီ ပါသွားမယ်။ ကျနော်တို့နဲ့ အတူ လိုက်နိုင်မှာ မဟုတ်ပါဘူး။

ဒုတိယမိန်းမ ကတော့ ကျနော်တို့ မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ကျနော်တို့ကို အရာအားလုံးမှာ ကူညီပေမယ့် သေတဲ့အခါ လိုက်ပဲပို့နိုင်မယ်။သူတို့ကတော့လိုက်နိုင်မှာမဟုတ်ပါဘူး။ပထမမိန်းမကတော့ကျနော်တို့ပြုလုပ်ခဲ့တဲ့ကုသိုလ်နဲ့အကုသိုလ်ပါပဲ။ ကျနော်တို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ကျနော်တို့နဲ့ အတူတူ သံသရာ တလျှောက်လုံး လိုက်ပါလာမှာပဲ ဖြစ်ပါတယ်။

———-

ဟိုးေရွးေရွးတုန္းက အရမ္းကို ခ်မ္းသာတဲ့ သူေဌးႀကီးတဦး ရွိတယ္။ ၿပီးေတာ့ သူေဌးႀကီးက မိန္းမ ေလးေယာက္ ယူထားတယ္။ ၄ ေယာက္လုံးနဲ႔လည္း တအိမ္ထဲေနၿပီးေတာ့တေယာက္နဲ႔တေယာက္ကလည္းခ်စ္ခင္ၾကတယ္။ေလးေယာက္ေျမာက္မိန္းမကိုေတာ့သူေဌးႀကီးကအခ္စ္ဆဳံးပဲ။အဲ့မိန္းမကိုဝတ္ေကာင္းစားလွေတြအခ်ိန္တိုင္းဆင္ေပးၿပီးေတာ့ဖ်ားနာတာမ်ိဳးမျဖစ္ရေအာင္အခ်ိန္ေပးၿပီးဂ႐ုစိုက္တယ္။သူကဂ႐ုစိုက္ေပမယ့္ သူ႔မိန္းမကေတာ့ သူ႔ကို ဘာမြ ျပန္မလုပ္ေပးဘူး။

သူေဌးႀကီးဟာသုံးေယာက္ေျမာက္မိန္းမကိုလည္းေတာ္ေတာ္ခ်စ္ရွာတယ္။အဲဒီမိန္းမအတြက္အခ်ိန္ေတြေပးထားတယ္။အလုပ္ေတြႀကိဳးစားတယ္။သူေဌးႀကီးအတြက္အဲဒီမိန္းမကစီးပြားေရးလည္းတဖက္တလမ္းလုပ္ေပးေသးတယ္။သူေဌးႀကီးကေတာ့အဲဒီမိန္းမကတျခားတေယာက္နဲ႔ပါၾသားမြာကိုအရမ္းစိုးရိမ္ေနပါတယ္။ႏွစ္ေယာက္ေျမာက္မိန္းမကိုလည္းသူေဌးႀကီးကအလြန္ခ်စ္တယ္။ သူက အေတြးအေခၚ ေကာင္းတယ္၊ စဥ္းစား ဆင္ျခင္ႏိုင္စြမ္း ရွိတယ္။တခါတေလ သူေဌးႀကီး စိတ္ဓါတ္ က်ေနရင္ေတာင္ ေထြးေပြ႕ၿပီး အားေပးတတ္တဲ့သူ ျဖစ္တယ္။

ပထမမိန္းမကိုေတာ့သူေဌးႀကီးကသိပ္ၾကည့္မရဘူး။သူနဲ႔အတူတူသြားလာေနတာကလြဲလို႔သူ႔ကိုဘာမြမလုပ္ေပးႏိုင္ဘူးလို႔ထင္တယ္။သူ႔မိန္းမကေတာ့ သူ႔ကို အရမ္းခ်စ္တယ္။ ဒါေပမယ့္ သူေကတာ့ သိပ္ဂ႐ုမစိုက္ဘူး။အဲဒီလိုနဲ႔ တေန႔မွာေတာ့ သူေဌးႀကီးမွာ ေရာဂါတခု ရပါေလေရာ။ ဆရာဝန္ကလည္း မၾကာခင္ ေသေတာ့မယ္ လို႔ ေျပာလိုက္တယ္။ သူေဌးႀကီး အိပ္ရာေပၚ လဲၿပီ။ သူ႔မိန္းမ ေလးေယာက္က သူ႔ကို ဝိုင္းျပဳစု ၾကတယ္။

အဲဒါနဲ႔ သူေဌးႀကီးက ေလးေယာက္ေျမာက္ မိန္းမကို ေမးလိုက္တယ္။ “ငါေသရင္ တမလြန္မွာ တေယာက္ထဲ အေဖာ္မဲ့ ေနမယ္ ရွင္မေရ၊ မင္းငါနဲ႔ တမၾလႏၠို လိုက္ခဲ့မလား” လို႔ ေမးလိုက္တယ္။ သူ႔မိန္းမက သူ႔နားက ထြက္သြားတယ္။ ၿပီးေတာ့ ေခါင္းခါျပတယ္။ဒါနဲ႔ သုံးေယာက္ေျမာက္ မိန္းမကို ေမးျပန္တယ္။ “လိုက္လို႔ မရဘူး၊ က္မဘဝက ဒီအခ်ိန္မွာ ေပ်ာ္စရာ ေကာင္းေနၿပီ၊ ရွင္ေသရင္ ကြၽန္မက ေနာက္တေယာက္ဆီ လိုက္ၾသားမြာပဲ” လို႔ ေျဖတယ္။ သူေဌးႀကီး အရမ္းကို ခံစားသြားရတယ္။

ႏွစ္ေယာက္ေျမာက္မိန္းမကိုေမးျပန္တယ္။“စိတ္မေကာင္းပါဘူးငါနင္နဲ႔အတူလိုက္မေသႏိုင္ဘူး၊ငါနင့္ကိုေတာ့အုတၢဴအထိလိုက္ပို႔ပါ့မယ္”သူေဌးႀကီး လုံးဝ စိတ္ထိခိုက္ သြားတယ္။ ၿပီးေတာ့ ပထမမိန္းမကို လွည့္ၾကည့္တယ္။ ပထမ မိန္းမကေတာ့ “ေကာင္းၿပီကြၽန္မလိုက္ခဲ့မယ္” လို႔ ေျဖလိုက္တယ္။ သူေဌးႀကီးလည္း ပထမမိန္းမကို ဝမ္းသာအားရ ေပြ႕ဖက္လိုက္တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဒီပုံျပင္ထဲက ေလးေယာက္ေျမာက္ မိန္းမဆိုတာ တ်ခား မဟုတ္ပါဘူး၊ က်ေနာ္တို႔ရဲ႕ ခႏၶာကိုယ္ပါပဲ။ က်ေနာ္တို႔ဟာ ကိုယ့္ခႏၶာကို အလွအပေတြဆင္၊ မဖ်ားနာေအာင္ ဂ႐ုစိုက္တာေတာင္မွ ေသရင္ က်ေနာ္တို႔နဲ႔အတူ လိုက္ႏိုင္မွာ မဟုတ္ပါဘူး။တတိယ မိန္းမကေတာ့ စီးပြားဥစၥာကို ရည္ၫြန္းပါတယ္။ က်ေနာ္တို႔ ဘယ္ေလာက္ ႐ြာခဲ့ ႐ြာခဲ့ ေသရင္ ကိုယ့္သားသမီး၊ တျခားလူေတြဆီ ပါသြားမယ္။ က်ေနာ္တို႔နဲ႔ အတူ လိုက္ႏိုင္မွာ မဟုတ္ပါဘူး။

ဒုတိယမိန္းမ ေကတာ့ က်ေနာ္တို႔ မိသားစုေတြနဲ႔ သူငယ္ခ်င္းေတြပဲ။ သူတို႔က က်ေနာ္တို႔ကို အရာအားလုံးမြာ ကူညီေပမယ့္ ေသတဲ့အခါ လိုက္ပဲ ပို႔ႏိုင္မယ္။ သူတို႔ကေတာ့ လိုက္ႏိုင္မွာ မဟုတ္ပါဘူး။ပထမမိန္းမ ေကတာ့ က်ေနာ္တို႔ ျပဳလုပ္ခဲ့တဲ့ ကုသိုလ္နဲ႔ အကုသိုလ္ပါပဲ။ က်ေနာ္တို႔က သူ႔ကို သတိမထားမိေပမယ့္ သူေကတာ့ က်ေနာ္တို႔နဲ႔ အတူတူ သံသရာ ေတလြ္ာကႅဳံး လိုက္ပါလာမွာပဲ ျဖစ္ပါတယ္။

Crd

Leave a Reply

Your email address will not be published.