ထန္တလန္အေရး စစ္ေကာင္စီ ျငင္းဆိုခ်က္ ယုံၾကည္မႈ မရွိၾက (႐ုပ္/သံ)ဧရာဝတီ၊ နိုဝင္ဘာ ၁၁၊ ၂၀၂၁အာဏာသိမ္း စစ္ေကာင္စီက တနိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြကို နိုဝင္ဘာ ၉ ရက္ေန႔က သတိေပးစာ တေစာင္ေပးပို႔ခဲ့ပါတယ္။


အပစ္ရပ္အဖြဲ႕ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) က ဒီလ ၅ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္ အေပၚမွာ မေက်နပ္တဲ့ အတြက္ စစ္ေကာင္စီရဲ့ အမ်ိဳးသား စည္းလုံးညီ ညြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏွိုင္းေရးေကာ္မတီ (NSPC) အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ ႀကီးမင္းေနာင္က လက္မွတ္ေရးထိုးၿပီး သတိေပးစာ ေပးပို႔လာတာ ျဖစ္ပါတယ္။


PPST ရဲ့ နိုဝင္ဘာ ၅ ရက္ေန႔ထုတ္ျပန္ခ်က္ထဲမွာ ခ်င္းျပည္နယ္ ထန္တလန္ကိစၥ အပါအဝင္ စစ္ကိုင္း တိုင္း၊ မေကြးတိုင္းနဲ႔ ကရင္နီေဒသတို႔မွာ စစ္ေကာင္စီက ျပည္သူလူထုရဲ့ အိုးအိမ္ေတြ၊ ဘာသာေရး အ ေဆာက္အအုံေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈေတြအေပၚ ျပင္းထန္စြာ ကန႔္ကြက္ ရႈတ္ခ်ေၾကာင္းနဲ႔ က်ဴး လြန္သူေတြကို ျပင္းထန္စြာ အေရးယူေပးရန္ ေတာင္းဆိုေၾကာင္း ပါရွိပါတယ္။


ဒါနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီထုတ္က PPST အျဖစ္မွန္ကို တိတိက်က်မသိဘဲ အေထာက္အထားမဲ့ ေရး သားေဖာ္ျပေနတဲ့ social media ေပၚက သတင္းေတြ ဖတ္ရႈၿပီး တပ္မေတာ္အေပၚ တဖက္သတ္ စြပ္စြဲေနတာျဖစ္ေၾကာင္း၊ ဒီလို စြပ္စြဲတာဟာ NCA စာခ်ဳပ္ပါ အခ်က္အလက္ေတြကို ေဖာက္ဖ်က္က်ဴး လြန္တာျဖစ္ၿပီး ျပန္လည္ေျဖရွင္းဖို႔ လိုတယ္လို႔ စစ္ေကာင္စီရဲ့သတိေပးစာမွာ ေဖာ္ျပထားတာ ျဖစ္ပါ တယ္

ထန်တလန်အရေး စစ်ကောင်စီ ငြင်းဆိုချက် ယုံကြည်မှု မရှိကြ (ရုပ်/သံ)ဧရာဝတီ၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁အာဏာသိမ်း စစ်ကောင်စီက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နိုဝင်ဘာ ၉ ရက်နေ့က သတိပေးစာ တစောင်ပေးပို့ခဲ့ပါတယ်။


အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ဒီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက် အပေါ်မှာ မကျေနပ်တဲ့ အတွက် စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီးမင်းနောင်က လက်မှတ်ရေးထိုးပြီး သတိပေးစာ ပေးပို့လာတာ ဖြစ်ပါတယ်။


PPST ရဲ့ နိုဝင်ဘာ ၅ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ ချင်းပြည်နယ် ထန်တလန်ကိစ္စ အပါအဝင် စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီဒေသတို့မှာ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်တွေ၊ ဘာသာရေး အ ဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ကျူး လွန်သူတွေကို ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ပါရှိပါတယ်။


ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီထုတ်က PPST အဖြစ်မှန်ကို တိတိကျကျမသိဘဲ အထောက်အထားမဲ့ ရေး သားဖော်ပြနေတဲ့ social media ပေါ်က သတင်းတွေ ဖတ်ရှုပြီး တပ်မတော်အပေါ် တဖက်သတ် စွပ်စွဲနေတာဖြစ်ကြောင်း၊ ဒီလို စွပ်စွဲတာဟာ NCA စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်ကျူး လွန်တာဖြစ်ပြီး ပြန်လည်ဖြေရှင်းဖို့ လိုတယ်လို့ စစ်ကောင်စီရဲ့သတိပေးစာမှာ ဖော်ပြထားတာ ဖြစ်ပါ တယ်
Ref:The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published.