နောက်(၂၄)နာရီအတွင်းမုန်တိုင်းငယ်ပိုမိုအားကောင်းလာနိုင်ပြီးမိုးထစ်ချုန်းရွာသွန်းမည့်ဒေသများနောက်(၂၄)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ်ပိုမိုအားကောင်းလာနိုင်ပြီးရှမ်းပြည်နယ်၊ကရငပြည်နယ်ဧရာဝတီတိုင်းဒေသကြီးနှင့်မိုးထစ်ချုန်းရွာသွန်းမည့် ဒေသများ
၂၀၂၁ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက်နေ့နံနက်(၇:၀၀)နာရီအချိန်မိုးဇလထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(LowPressureArea)သည်ဘင်္လားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ရောက်ရှိခဲ့ပြီးဆက်လက်တည်ရှိနေပါသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည်နောက်(၂၄)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ်ပိုမိုအားကောင်းလာနိုင်ပြီးအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ(၁၁.၁၁.၂၀၂၁)ရကနေ့၌အိန္ဒိယနိုင်ငံ၊တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းထားပါတယ်
အဆိုပါလေဖိအားနည်းရပ်ဝန်းမုန်တိုင်းငယ်အရှိကြောင့်တနင်္သာရီတိုင်းဒေသကြီးတွင်နေရာစိပ်စိပ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်နေရာကျဲကျဲနှင့်နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကယားပြည်နယ်
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်ဟုခန့်မှန်းထားပါတယ်။မန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိပြီလှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၈)ပေခန့်ရှိနိုင်ပါသည်
နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာနေပြည်တော်၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရကွက်ကျားမိုးထစ်ချုန်းရွာနိုင်တယ်လို့မိုးဇလမှ ခန့်မှန်းထားပါတယ်။Credit
Leave a Reply
Your email address will not be published.