စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်္မှု့များ လုပ်ဆောင်နေကြကြောင်းသိရှိရပါသည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရှမ်းမြောင်း ဒဆယ်ချောင် ဒေသဝန်းကျင်တွင် ယ နေ့ နေ့လယ် ၂ နာရီဝန်းကျင် အချိန်မှစတင်၍ စစ်ရဟတ်ယာဉ်များ ပျံသန်းပြီး လေကြောင်းတိုက်ခိုက်္မှု့များ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောဆိုထားပါသည်
ကနီမြို့အနီး ရှမ်းမြောင်း’ ဒဆယ်ချောင် ဒေသဝန်းကျင်မှာ ဒီနေ့ နေ့လယ် ၂ နာရီ ကစပြီး ရဟတ်ယာဉ်တွေနဲ့ ပစ်နေတယ် ရဟတ်ယာဉ်ပေါ်ကနေ ဗုံးတွေ သေနတ်တွေနဲ့ ပစ်နေတာ။ ရဟတ်ယာဉ်ကို ပျံဝဲပြီးတော့ တောက်လျှောက် ပစ်နေတာပါလက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ် ရဟတ်ယာဉ်ပေါ်က စက်သေနတ်တွေနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောပါသည်
လက်ရှိ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များ လက် နက်ကြီးထိမှန်မှုများရှိနေပြီး တိုက်ပွဲ ပြင်းထန်နေသည့်အတွက် အခြေအနေမသိရှိရသေးဟု ဒေသခံများက ဆိုကြသည်
ယမန်နေ့ကလည်း ကနီမြို့အတွင်းသို့ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်သားအများအပြား ပို့ဆောင်ခဲ့ပြီး ယနေ့တွင် စစ်ရဟတ်ယာဉ်ဖြင့် လေ ကြောင်းတိုက်ခိုက္မှု့များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်
ဓာတ်ပုံ- ပုံအဟောင်း အသုံးပြုထားသည်
Leave a Reply
Your email address will not be published.