ေက်ာင္းကားမ်ားကို အသုံးျပဳၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြ ကင္းလွည့္ေန

စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြဟာ ရန္ကုန္ၿမိဳ႕တြင္း ကင္းလွည့္တဲ့လုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ရာမွာ ေက်ာင္းကားေတြကို အသုံးျပဳတာေတြပါ ရွိေနၿပီလို႔ သိရပါတယ္။


စကစတပ္သားမ်ား ေက်ာင္းကားမ်ားအသုံးျပဳၿပီးကင္းလွည့္စဥ္

စစ္ေကာင္စီ ဟာ အေစာပိုင္းကာလတုန္းက စစ္တပ္ယာဥ္ေတြကို အသုံးျပဳတာသာရွိခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ အိမ္စီးကားေတြကိုပါ ထည့္သြင္းအသုံးျပဳလာခဲ့ကာ လက္ရွိမွာေတာ့ ေက်ာင္းကားေတြကိုပါ သုံးစြဲလာတာျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕အႏွံ့မွာ ေပါက္ကြဲမႈေတြ အရမ္းမ်ားလာၿပီးတဲ့ေနာက္ စစ္ေကာင္စီ က ကင္းလွည့္မႈေတြကို တိုးျမႇင့္ေဆာင္ရြက္ေနၿပီး ေက်ာင္းကားေတြကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြက ကင္းလွည့္ရာမွာ ထည့္သြင္းအသုံးျပဳတဲ့အေပၚ ေဝဖန္မႈေတြလည္း ထြက္ေပၚေနၿပီျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ နိုဝင္ဘာလ ၁ ရက္ေန႔ကစလို႔ ေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္လာခဲ့ၿပီး အဲ့ဒီအခ်ိန္ကစလို႔ လမ္းမႀကီးေတြထက္မွာ ေက်ာင္းကားေတြကို ျပန္လည္ ျမင္ေတြ႕ရတာေတြ ရွိလာခဲ့ပါသည္။


စကစတပ္သားမ်ား ေက်ာင္းကားမ်ားအသုံးျပဳၿပီးကင္းလွည့္စဥ္

ကျောင်းကားများကို အသုံးပြုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေ

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့တွင်း ကင်းလှည့်တဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ကျောင်းကားတွေကို အသုံးပြုတာတွေပါ ရှိနေပြီလို့ သိရပါတယ်။


စကစတပ်သားများ ကျောင်းကားများအသုံးပြုပြီးကင်းလှည့်စဉ်

စစ်ကောင်စီ ဟာ အစောပိုင်းကာလတုန်းက စစ်တပ်ယာဉ်တွေကို အသုံးပြုတာသာရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အိမ်စီးကားတွေကိုပါ ထည့်သွင်းအသုံးပြုလာခဲ့ကာ လက်ရှိမှာတော့ ကျောင်းကားတွေကိုပါ သုံးစွဲလာတာဖြစ်ပါသည်။

ရန်ကုန်မြို့အနှံ့မှာ ပေါက်ကွဲမှုတွေ အရမ်းများလာပြီးတဲ့နောက် စစ်ကောင်စီ က ကင်းလှည့်မှုတွေကို တိုးမြှင့်ဆောင်ရွက်နေပြီး ကျောင်းကားတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကင်းလှည့်ရာမှာ ထည့်သွင်းအသုံးပြုတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပြီဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး အဲ့ဒီအချိန်ကစလို့ လမ်းမကြီးတွေထက်မှာ ကျောင်းကားတွေကို ပြန်လည် မြင်တွေ့ရတာတွေ ရှိလာခဲ့ပါသည်။
စကစတပ်သားများ ကျောင်းကားများအသုံးပြုပြီးကင်းလှည့်စဉ်

Leave a Reply

Your email address will not be published.