



နိုင်ငံရပ်ခြားကနေ ဖမ်းဆီးခံမြန်မာအနုပညာရှင်များလွတ်မြောက်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းပေးနေတဲ့ ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumiမြန်မာနိုင်ငံ ရဲ့ အာဏာထိန်းချုပ်မှုခံရခြင်းဟာ လက်ရှိမှာ (၉)လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာကပါ အရေးတယူကိုင်တွယ်နေရတဲ့ အရေးကိစ္စဖြစ်လာပါတယ်။ထိုထဲမှာမှ သတင်းထောက်လည်းဖြစ်သူ

ရုပ်ရှင်နှင့်အနုပညာရှင်လည်းဖြစ်တဲ့ဂျပန်လူမျိုးYukiKitazumiဟာလည်းမြန်မာ့အရေးမှာတက်ကြွစွာပါဝင်လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတသူဟာနွေဦးတော်လှန်ရေးတွင်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ရုံသာမက ရန်ကုန်မြို့တွင် လူထု၏တော်လှန်ရေးလှုပ်ရှားမှုကို သတင်းရယူနေချိန်မှာ ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။သူဟာ (၂)ကြိမ်တိတိဖမ်းခံခဲ့ရတာဖြစ်ပြီး ဒုတိယအကြိမ်မှာ နှစ်နိုင်ငံကြား သံတမန်ရေး

ချစ်ကြည်မှုကိုထောက်ထားသောအားဖြင့်သူ့အပေါ်စွဲချက်တွေကိုရုတ်သိမ်းပေးကာပြည်နှင်ဒဏ်ပေးခံခဲ့ရတာဖြစ်ပါတယ်သူဟာဂျပန်နိုင်ငံကိုပြန်သွားခဲ့ပေမယ့်မြန်မာ့အရေးအတွက်အမြဲတမ်းကြိုးစားပေးနေသူတစ်ဦးဖြစ်ပါတယ်။ယခုလည်း ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Rising Sun ရုပ်ရှင်ပြပွဲကြီးမှာ မြန်မာနိုင်ငံက အဖမ်းဆီးခံအနုပညာရှင်တွေလည်းဖြစ်တဲ့ ၊ သူ့ရဲ့

မိတ်ဆွေဖြစ်တဲ့ဒါရိုက်တာသိန်းတန်နှင့်ဒါရိုက်တာလူမင်းလွတ်မြောက်ရေးအတွက်ဆန္ဒထုတ်ဖော်နေခဲ့တာဖြစ်ပါတယ်ဒါရိုက်တာသိန်းတန် ၊ ဒါရိုက်တာ လူမင်းတို့နှင့် ဗီုလ်ချုပ်အောင်ဆန်း

အတ္ထုပတ္တိအတွက် တာဝန်ယူရိုက်ကူးရာမှ သိကျွမ်းခဲ့တာဖြစ်ပြီး ဒါရိုက်တာလူမင်းကိုတော့ သူအကျဉ်းကျစဉ်ကာလမှာ တူတူဆုံခဲ့တယ်လို့ထပ်မံဆိုလာပါသေးတယ်Credit-MM Load

Leave a Reply

Your email address will not be published.