စစ်အာဏာသိမ်းပြီးနောက် စက်ရုံမန်နေဂျာဖြစ်လာသူ သေနတ်ပစ်ခံရ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ငွေပင်လယ်စက်မှုဇုံ Rui Ning Myanmar Garment စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ) ကျော်ကျော်သည် နိုဝင်ဘာ ၉ရက် ညနေ၆နာရီခွဲခန့်တွင် လှိုင်သာယာ အလယ်ရွာအဝင် မီးပွိုင့်အနီးတွင် သေနတ်ဖြင့် အပစ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

“ခေါင်းကို အပစ်ခံလိုက်ရတာ။ လှိုင်သာယာဆေးရုံကို ခေါ်သွားကြတယ်။ ဆေးရုံရောက်မှ ဆုံးတယ်လို့ ကြားရတယ်”ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ Yangon Eagle ဟုဆိုသည့် ဖေ့ဘုတ်စ်စာမျက်နှာတွင် “ငွေပင်လယ် စက်မှုဇုံ ယူနိုင်းမြန်မာ အထည်ချုပ်စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ )ကျော်ကျော် အလုပ်သမားများအပေါ် စကစ နှင့် ပေါင်းပီး လူပါး ဝနေသော ဒလန် အား ကျနော်တို့ Yangon Eagle. အဖွဲ့မှ ငရဲသို့ ပို့လိုက်ပါပီ”ဟု ဖော်ပြထားသည်။

အပစ်ခံရ၍ သေဆုံးသူ ကျော်ကျော်သည် ကြံခိုင်ရေးပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Rui Ning Myanmar Garment စက်ရုံတွင် မီးပူထိုးအကြီးအကဲအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် စက်ရုံမန်နေဂျာ ဖြစ်လာသူ ဖြစ်သည်။

စက်ရုံအလုပ်သမားများ ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ တိုင်ကြားခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းများတွင် ကိုယ်တိုင်ပါဝင်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကာ ၂၀၂၁ခု နှစ် ဧပြီ ၂၂ရက်တွင်လည်း ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် စက်ရုံရှိ သမဂ္ဂများကို စစ်သားများစက်ရုံအတွင်း ခေါ်ဆောင်၍ ဖမ်းဆီးခိုင်းခဲ့သေးသည်ဟု အလုပ်သမားများကပြောသည်။

ထို့အပြင် တရုတ်နိုင်ငံသားပိုင် Rui Ning Myanmar Garment စက်ရုံသည် စစ်အာဏာသိမ်းပြီးအချိန်တွင် ဇန်နဝါရီလ လစာထုတ်ပေးရာ၌ W. C. C. ၏လစာတချို့အားဖြတ်တောက်ခြင်း ၊ စက်ရုံရှိသမဂ္ဂအားအသိမှတ်မပြုခြင်း ၊ သဘောတူထားသော အခကြေးငွေအချို့နှင့်ပတ်သက်၍ လျော့ပေးခြင်း၊ ဆေးခွင့်ယူရတာခက်ခဲခြင်း၊ တင်္နလာနေ့မှ စနေနေ့အထိခွင့်မဲ့ပျက်လျှင်အစိုးရရုံးပိတ်ရက်အတွက် မပေးခြင်း၊ သမဂ္ဂနှင့်တိုင်ပင်ခြင်းမရှိဘဲအလုပ်ထုတ်ခြင်း၊

လက်ရှိကျန်ရှိနေသောသမဂ္ဂအားအသိအမှတ်မပြုဘဲ စက်ရုံအကြီးအကဲများမှအလုပ်သမားများကိုEcစာချုပ်အကြောင်းရှင်းပြနေသဖွယ်လိမ်လည်မှတ်တမ်းယူခြင်းနှင့်သမဂ္ဂနှင့် မတိုင်ပင်ဘဲ လူသစ်ခေါ်ယူခြင်း၊ Brandနှင့်ချုပ်ဆိုထားသောစာချုပ်အားဖောက်ဖျက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမားများဘက်က တိုင်တန်းပြောဆိုကြသည်။စက်ရုံဘက်ကိုတော့ ဆက်သွယ်၍ မရနိုင်ခဲ့ပါ။

အဆိုပါ Rui Ning Myanmar Garment စက်ရုံတွင်အလုပ်သမား ၇၀၀ ကျော်ရှိကာ အနွေးထည်များ ၊အမျိုးသမီးအထည်များ ချုပ်လုပ်သည်။ဓာတ်ပုံ- အသတ်ခံရသူ မန်နေဂျာ ကိုကျော်ကြီး

Zawgyi

စစ္အာဏာသိမ္းၿပီးေနာက္ စက္႐ုံမန္ေနဂ်ာျဖစ္လာသူ ေသနတ္ပစ္ခံရရန္ကုန္တိုင္းေဒသႀကီး လွိုင္သာယာၿမိဳ႕နယ္ရွိ ေငြပင္လယ္စက္မႈဇုံ Rui Ning Myanmar Garment စက္႐ုံ HR မန္ေနဂ်ာ ေက်ာ္ႀကီး (ခ) ေက်ာ္ေက်ာ္သည္ နိုဝင္ဘာ ၉ရက္ ညေန၆နာရီခြဲခန႔္တြင္ လွိုင္သာယာ အလယ္ရြာအဝင္ မီးပြိဳင့္အနီးတြင္ ေသနတ္ျဖင့္ အပစ္ခံခဲ့ရ၍ ေသဆုံးသြားေၾကာင္း မ်က္ျမင္ေတြ႕သူမ်ားက ေျပာသည္။

“ေခါင္းကို အပစ္ခံလိုက္ရတာ။ လွိုင္သာယာေဆး႐ုံကို ေခၚသြားၾကတယ္။ ေဆး႐ုံေရာက္မွ ဆုံးတယ္လို႔ ၾကားရတယ္”ဟု မ်က္ျမင္ေတြ႕ခဲ့သူတစ္ဦးက ေျပာသည္။ Yangon Eagle ဟုဆိုသည့္ ေဖ့ဘုတ္စ္စာမ်က္ႏွာတြင္ “ေငြပင္လယ္ စက္မႈဇုံ ယူနိုင္းျမန္မာ အထည္ခ်ဳပ္စက္႐ုံ HR မန္ေနဂ်ာ ေက်ာ္ႀကီး (ခ )ေက်ာ္ေက်ာ္ အလုပ္သမားမ်ားအေပၚ စကစ ႏွင့္ ေပါင္းပီး လူပါး ဝေနေသာ ဒလန္ အား က်ေနာ္တို႔ Yangon Eagle. အဖြဲ႕မွ ငရဲသို႔ ပို႔လိုက္ပါပီ”ဟု ေဖာ္ျပထားသည္။

အပစ္ခံရ၍ ေသဆုံးသူ ေက်ာ္ေက်ာ္သည္ ႀကံခိုင္ေရးပါတီအဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး Rui Ning Myanmar Garment စက္႐ုံတြင္ မီးပူထိုးအႀကီးအကဲအျဖစ္ လုပ္ကိုင္ခဲ့ၿပီး စစ္အာဏာသိမ္းၿပီးေနာက္ စက္႐ုံမန္ေနဂ်ာ ျဖစ္လာသူ ျဖစ္သည္။စက္႐ုံအလုပ္သမားမ်ား ဆႏၵျပရာတြင္ပါဝင္သည္ဟုဆိုကာ တိုင္ၾကားျခင္းႏွင့္ လိုက္လံဖမ္းဆီးျခင္းမ်ားတြင္ ကိုယ္တိုင္ပါဝင္ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ကာ ၂၀၂၁ခု ႏွစ္ ဧၿပီ ၂၂ရက္တြင္လည္း ၎အလုပ္လုပ္ေနသည့္ စက္႐ုံတြင္ စက္႐ုံရွိ သမဂၢမ်ားကို စစ္သားမ်ားစက္႐ုံအတြင္း ေခၚေဆာင္၍ ဖမ္းဆီးခိုင္းခဲ့ေသးသည္ဟု အလုပ္သမားမ်ားကေျပာသည္။

ထို႔အျပင္ တ႐ုတ္နိုင္ငံသားပိုင္ Rui Ning Myanmar Garment စက္႐ုံသည္ စစ္အာဏာသိမ္းၿပီးအခ်ိန္တြင္ ဇန္နဝါရီလ လစာထုတ္ေပးရာ၌ W. C. C. ၏လစာတခ်ိဳ႕အားျဖတ္ေတာက္ျခင္း ၊ စက္႐ုံရွိသမဂၢအားအသိမွတ္မျပဳျခင္း ၊ သေဘာတူထားေသာ အခေၾကးေငြအခ်ိဳ႕ႏွင့္ပတ္သက္၍ ေလ်ာ့ေပးျခင္း၊ ေဆးခြင့္ယူရတာခက္ခဲျခင္း၊ တနၤလာေန႔မွ စေနေန႔အထိခြင့္မဲ့ပ်က္လၽွင္အစိုးရ႐ုံးပိတ္ရက္အတြက္ မေပးျခင္း၊ သမဂၢႏွင့္တိုင္ပင္ျခင္းမရွိဘဲအလုပ္ထုတ္ျခင္း၊

လက္ရွိက်န္ရွိေနေသာသမဂၢအားအသိအမွတ္မျပဳဘဲ စက္႐ုံအႀကီးအကဲမ်ားမွအလုပ္သမားမ်ားကိုEcစာခ်ဳပ္အေၾကာင္းရွင္းျပေနသဖြယ္လိမ္လည္မွတ္တမ္းယူျခင္းႏွင့္သမဂၢႏွင့္ မတိုင္ပင္ဘဲ လူသစ္ေခၚယူျခင္း၊ Brandႏွင့္ခ်ဳပ္ဆိုထားေသာစာခ်ဳပ္အားေဖာက္ဖ်က္ျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိေၾကာင္း အလုပ္သမားမ်ားဘက္က တိုင္တန္းေျပာဆိုၾကသည္။စက္႐ုံဘက္ကိုေတာ့ ဆက္သြယ္၍ မရနိုင္ခဲ့ပါ။အဆိုပါ Rui Ning Myanmar Garment စက္႐ုံတြင္အလုပ္သမား ၇၀၀ ေက်ာ္ရွိကာ အေႏြးထည္မ်ား ၊အမ်ိဳးသမီးအထည္မ်ား ခ်ဳပ္လုပ္သည္။ဓာတ္ပုံ- အသတ္ခံရသူ မန္ေနဂ်ာ ကိုေက်ာ္ႀကီး

Leave a Reply

Your email address will not be published.