အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်သူ အေးနေဝင်း ဒူဘိုင်းကိုထွက်ခွာအာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတစ်ဦးဖြစ်သူ အေးနေဝင်းဟာ ဒီကနေ့မနက် နိုဝင်ဘာလ ၉ ရက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဒူဘိုင်းနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။အေးနေဝင်း ဝှီးချဲဖြင့်ထွက်ခွာစဉ်

ဒီကနေ့မနက်ပိုင်းမှာ အေးနေဝင်းဟာ ဝှီးလ်ချဲကို စီးနင်းနေပြီး သူနဲ့အတူ အမျိုးသမီးတစ်ဦးလိုက်ပါလာတာကိုလည်း ဓာတ်ပုံထဲမှာ မြင်တွေ့ရပါတယ်။လက်ရှိအချိန်ထိ ဘယ်အကြောင်းကြောင့် ထွက်ခွာသွားရလဲဆိုတာ သီခြားသတင်း အတည်ပြုနိုင်ခြင်း မရှိသေးသလို ဒီခရီးစဉ်ကို မော်ဒယ်လ် ရွှေအိမ်စည် လိုက်ပါသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်မှုကလည်း မှန်၊ မမှန် အတည်မပြုနိုင်သေးပါဘူး။

ခုအေးနေဝင်းပြေးပြီလို တင်နေကြတာတွေ့ရတယ် တကယ်တော့ ထွက်ပြေး မပြေး မသေချာပါ။ လာမည့် နိုင်ဝင်ဘာ(၁၅)မှာ အေးနေဝင်းမွေးနေ့ဖြစ်ပါတယ်ဖြစ်နိုင်တာက မွေးနေ့ကို ဒူဘိုင်းမှာ လုပ်ဖို့ကြိုသွားတာလဲ ဖြစ်နိုင်တာပဲ။ ရွှေအိမ်စည်အပါအဝင် သူ့အသိုင်းအဝိုင်းကလူတွေလည်း နောက်လေယဉ်တွေနဲ့ လိုက်သွားဖို့ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက ရန်ကုန်မြို့၊ ဆင်မလိုက်မှတ်တိုင်မှာ အေးနေဝင်းရဲ့ အစ်ကိုဖြစ်သူ ကျော်နေဝင်း ပိုင်ဆိုင်တဲ့ Omini Focus ယာဉ်လိုင်းပိုင် YBS 20 ဘတ်စ်ကားပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
ရွှေအိမ်စည်




Leave a Reply

Your email address will not be published.