ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ထောင်ဒဏ် ၇၅နှစ်နဲ့ စည်ပင်ဝန်ကြီးကို ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခံရနိုဝင်ဘာ ၉-၂၀၂၁


KK(VOM)NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင် တို့ကို ဒီကနေ့မနက်ပိုင်းက ဘားအံအကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၇၅နှစ်နဲ့ ထောင်ဒဏ် ၉၀နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။


ဘားအံအကျဉ်းထောင်မှာရှိတဲ့ အထူးတရားရုံးမှာ ဒီကနေ့မနက် ၉နာရီခွဲက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅အပါအအဝင် အမှု၅မှုအတွက် တစ်မှုကို ၁၅နှစ်ဖြင့် ၇၅နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။


ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင် ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အပါအဝင် အမှု၆မှုအတွက် ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့တယ်လို့ သူကပြောပါတယ်။


“ပြည်နယ်လွှတ်တော်တရားသူကြီးတွေက စစ်ဆေးပြီး အမှုချတယ်လို့ သူတို့ကိုလိုက်ပေးတဲ့ ရှေနေကပြောတယ်၊ ဝန်ကြီးချုပ်မှာ နောက်အမှုရှိသေးတယ်လို့လည်းကြားတယ်”လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ကရင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အဖွဲ့မှဝန်ကြီး(၄)ဦးကို ဖေဖော်ဝါရီ ၂ ရက်က ဖမ်းဆီးခံခဲ့ရပြီး တပ်မ ၂၂လက်အောက်ခံ အမှတ်-၂၀၂ တပ်ရင်းဧည့်ရိပ်သာမှာ ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာ ရေးဝန် ကြီးဟောင်း ဦးသန်းနိုင်တို့ကို ဧပြီလ ၈ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဘားအံမြို့မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့အောက်တိုဘာလ၂၉ရက်ကလည်းNLDပါတီရဲ့သဘာပတိတစ်ဦးဖြစ်တဲ့ဦးဝင်းထိန်ကိုနေပြည်တော်တရားရုံးကနိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ အလုပ်နဲ့ထောင်ဒဏ်၂၀ နှစ်ချမှတ်ခဲ့ပါသေးတယ်။Ref:Voice of Myanmar

Leave a Reply

Your email address will not be published.