ထန္တလန္မီးေလာင္ျမင္ကြင္းကို ဓာတ္ပုံတြဲ႐ိုက္ကာ ေဖ့ဘြတ္တင္သည့္ စစ္သား ခ်င္းျပည္နယ္တိုက္ပြဲတြင္ ေသဆုံးဟုဆိုခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ မီးေလာင္ေနသည့္ျမင္ကြင္းကို ေနာက္ခံထားကာ ဓာတ္ပုံ႐ိုက္ၿပီး လူမႈကြန္ရက္ စာမ်က္ႏွာ ေပၚတင္ခဲ့သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ စစ္သားသည္ ခ်င္းျပည္နယ္အတြင္း တိုက္ပြဲတြင္ ေသဆုံးသြားေၾကာင္း မႏၲေလးအေျခစိုက္ ျပည္သူ႔ကာကြယ္ေရး pdf တစ္ခုထံက သိရသည္။

ထန္တလန္ၿမိဳ႕ မီးေလာင္ေနစဥ္ ခလရ (၂၂၂ ) တပ္မွ ဒုတပ္ၾကပ္ ေအာင္ေက်ာ္ၿငိမ္းဆိုသူႏွင့္ စံထြန္းဦးတို႔ ႏွစ္ဦးမွာ ဓာတ္ပုံ႐ိုက္ကာ ေဖ့ဘြတ္တြင္ ဓာတ္ပုံတင္ခဲ့ၾကသည္။ အဆိုပါ ဓာတ္ပုံမ်ားမွာ ထန္တလန္ၿမိဳ႕အဝင္ ဘုန္းႀကီးေက်ာင္း ေအာက္ဘက္ႏွင့္ တပ္စခန္းအနီးရွိ ရႈေထာင့္ (View Point ) မွ႐ိုက္ကူးထားသည့္ပုံမ်ား ျဖစ္ေၾကာင္းသိရသည္။

ဒုတပ္ၾကပ္ ေအာင္ေက်ာ္ၿငိမ္း (Pyoe Thar ေဖ့ဘြတ္အေကာင့္ျဖင့္ ပုံတင္ခဲ့သူ) မွာ လြန္ခဲ့ေသာ သုံးရက္က ခ်င္းျပည္နယ္တိုက္ပြဲတစ္ခုတြင္ ေသဆုံးသြားခဲ့ေၾကာင္း မႏၲေလးအေျခစိုက္ ျပည္သူ႔ကာကြယ္ေရး pdf တစ္ခုက ေျပာသည္။

၎သည္ မီးေလာင္ေနသည့္ ထန္တလန္ၿမိဳ႕ကိုေနာက္ခံထားဓာတ္ပုံ႐ိုက္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ေတြကရႈိ႕ၿပီး ၎တို႔ကို ပစ္ခတ္သည္ဟုေရးသားကာ ေလွာင္ေျပာင္သေရာ္ခဲ့သူျဖစ္သည္။

ထို႔အျပင္ ခ်င္းျပည္နယ္က ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တခ်ိဳ႕ ဖမ္းဆီးခံရစဥ္ကလည္း သတ္ျဖတ္ခဲ့သူျဖစ္ေၾကာင္း ေတာ္လွန္ေရးအဖြဲ႕မ်ားက ေျပာသည္။ ထိုကိစၥကို မဇၩိမက သီးျခားအတည္ျပဳခ်က္ မရေပ။

အဆိုပါ စစ္ေကာင္စီတပ္သားသည္ မႏၲေလးၿမိဳ႕ဇာတိျဖစ္ၿပီး အထက(၁၂) ေက်ာင္းထြက္ျဖစ္ေၾကာင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။၎ေသဆုံးေၾကာင္းကို စစ္တပ္ေထာက္ခံသူအခ်ိဳ႕ႏွင့္ ၎၏မိတ္ေဆြမ်ားက လူမႈကြန္ရက္စာမ်က္ႏွာထက္တြင္ ေရးသားထားသလို ေတာ္လွန္ေရးအဖြဲ႕အခ်ိဳ႕ကလည္း အတည္ျပဳထားသည္။

၎ေသဆုံးမႈႏွင့္ ပတ္သက္၍ အေသးစိတ္အခ်က္အလက္ကို မဇၩိမက သီးျခားအတည္ျပဳခ်က္မရရွိေသးေပ။ “အဲေကာင္ရဲ႕ မိဘေတြ၊ ေဆြမ်ိဳးစာရင္းေတြပါရထားၿပီးၿပီ။သူေသသြားတာသူ႔မိဘေတြကံေကာင္းသြားတာေပါ့”ဟုမႏၲေလးၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ေခါင္းေဆာင္တစ္ဦးက ေျပာသည္။

ထန္တလန္ၿမိဳ႕သည္ စစ္ေကာင္စီ၏ လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈေၾကာင့္ ေအာက္တိုဘာလ၂၉ရက္ေန႔တြင္ မီးေလာင္ခဲ့ၿပီး ေနအိမ္ ၁၆၄လုံး၊ ဘုရားေက်ာင္း ႏွစ္ေက်ာင္း၊ ဆိုင္ခန္း ၁၀၀ ႏွင့္ CB ဘဏ္တို႔ မီးေလာင္ပ်က္စီးခဲ့ရသည္။source-mizzima

ထန်တလန်မီးလောင်မြင်ကွင်းကို ဓာတ်ပုံတွဲရိုက်ကာ ဖေ့ဘွတ်တင်သည့် စစ်သား ချင်းပြည်နယ်တိုက်ပွဲတွင် သေဆုံးဟုဆို

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်နေသည့်မြင်ကွင်းကို နောက်ခံထားကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် စာမျက်နှာ ပေါ်တင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားသည် ချင်းပြည်နယ်အတွင်း တိုက်ပွဲတွင် သေဆုံးသွားကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး pdf တစ်ခုထံက သိရသည်။

ထန်တလန်မြို့ မီးလောင်နေစဉ် ခလရ (၂၂၂ ) တပ်မှ ဒုတပ်ကြပ် အောင်ကျော်ငြိမ်းဆိုသူနှင့် စံထွန်းဦးတို့ နှစ်ဦးမှာ ဓာတ်ပုံရိုက်ကာ ဖေ့ဘွတ်တွင် ဓာတ်ပုံတင်ခဲ့ကြသည်။ အဆိုပါ ဓာတ်ပုံများမှာ ထန်တလန်မြို့အဝင် ဘုန်းကြီးကျောင်း အောက်ဘက်နှင့် တပ်စခန်းအနီးရှိ ရှုထောင့် (View Point ) မှရိုက်ကူးထားသည့်ပုံများ ဖြစ်ကြောင်းသိရသည်။

ဒုတပ်ကြပ် အောင်ကျော်ငြိမ်း (Pyoe Thar ဖေ့ဘွတ်အကောင့်ဖြင့် ပုံတင်ခဲ့သူ) မှာ လွန်ခဲ့သော သုံးရက်က ချင်းပြည်နယ်တိုက်ပွဲတစ်ခုတွင် သေဆုံးသွားခဲ့ကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး pdf တစ်ခုက ပြောသည်။

၎င်းသည် မီးလောင်နေသည့် ထန်တလန်မြို့ကိုနောက်ခံထားဓာတ်ပုံရိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကရှို့ပြီး ၎င်းတို့ကို ပစ်ခတ်သည်ဟုရေးသားကာ လှောင်ပြောင်သရော်ခဲ့သူဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရစဉ်ကလည်း သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။ ထိုကိစ္စကို မဇ္ဈိမက သီးခြားအတည်ပြုချက် မရပေ။

အဆိုပါ စစ်ကောင်စီတပ်သားသည် မန္တလေးမြို့ဇာတိဖြစ်ပြီး အထက(၁၂) ကျောင်းထွက်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။၎င်းသေဆုံးကြောင်းကို စစ်တပ်ထောက်ခံသူအချို့နှင့် ၎င်း၏မိတ်ဆွေများက လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားထားသလို တော်လှန်ရေးအဖွဲ့အချို့ကလည်း အတည်ပြုထားသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို မဇ္ဈိမက သီးခြားအတည်ပြုချက်မရရှိသေးပေ။ “အဲကောင်ရဲ့ မိဘတွေ၊ ဆွေမျိုးစာရင်းတွေပါ ရထားပြီးပြီ။ သူသေသွားတာ သူ့မိဘတွေကံကောင်းသွားတာပေါ့”ဟု မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာလ၂၉ရက်နေ့တွင် မီးလောင်ခဲ့ပြီး နေအိမ် ၁၆၄လုံး၊ ဘုရားကျောင်း နှစ်ကျောင်း၊ ဆိုင်ခန်း ၁၀၀ နှင့် CB ဘဏ်တို့ မီးလောင်ပျက်စီးခဲ့ရသည်။source-mizzima

Leave a Reply

Your email address will not be published.