




အမြန်လမ်းမှာလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၅ဦးပစ်ခတ်ခံရပြီးသေဆုံးရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင် ၁၁၀မှာလုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင်၅ဦးဒီကနေ့နိုဝင်ဘာ၉ရက်နေ့မနက်ပိုင်းမှာပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့စစ်ကောင်စီကအတည်ပြုပြောဆိုပါတယ်။


ဒီကနေ့မနက်ပိုင်းမှာအမြန်လမ်းပေါ်ကဇဟားလုံခြုံရေးတပ်ကိုလူတစ်စုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးလုံခြုံရေးတာဝန်ယူထားတဲ့ ရဲ၅ဦးပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ပြောဆိုချက်အရသိရပါတယ်။


လက်ရှိမှာတော့အမြန်လမ်းလုံခြုံရေးတချို့နဲ့လူမှုကူညီရေးအသင်းတွေသွားရောက်ကူညီလုပ်ဆောင်ပေးနေတယ်လို့သိရပြီးအသေးစိတ်ကိုဆက်လက်ထုတ်ပြန်တာမရှိသေးပါဘူး။ပုံစာအမြန်လမ်းမပေါ်ကလုံခြုံရေးယူထားတဲ့ရဲတပ်ကင်းတစ်နေရာ (ပုံဟောင်း)

Leave a Reply

Your email address will not be published.