ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှု့များရလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အထင်ကရမှဲ့ (၇)မျိုး
အမျိုးသမီးများတွင်ရှိသော ထင်ရှားသော မှဲ့ (၇)မျိုး ကို ဖော်ပြပေးလိုက်ပါတယ် …။ရတနာဆံ ကျစ်လို့ခေါ်တဲ့ မှဲ့ရယ်၊ ရတနာဆီမီးထွန်းဆိုတဲ့
မှဲ့ရယ်၊ မျက်ရည်ခံမှဲ့ရယ်၊ဘယ်ဘက်မျက်ရည်ခံမှဲ့ (ညာရယ် နှုတ်တဆိတ် ဆိုတဲ့ မှဲ့ရယ်)၊ ရွှေပိတုန်းစုပ် ဆိုတဲ့ မှဲ့ရယ်၊
စံပယ်တင် (ညာဘက်) မှဲ့ရယ် ဆိုပြီးအမျိုးသမီးတွေ အတွက်အထင်ကရ မှဲ့ (၇)မျိုး ရှိပါတယ် …။အဲဒီမှာ ရင်ဘတ်အလယ်မှာ
ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ရတနာရွှေအိုး လို့ ခေါ်ပါတယ်
အဲဒီမှဲ့ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝ ချမ်းသာလေ့ရှိတယ်၊ နာမည်ဂုဏ်သတင်း ကျော်ကြား တတ်ပါတယ်
…။နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောင်ဖြစ်လေ့ရှိတယ်။သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းထဲ
ကျနေရင်လည်း ခနပဲ
မုချကြီးပွားချမ်း သာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုးမှဲ့ ပါနေတဲ့ အမျိုးသမီးတွေဟာကျော်နီပတ္တမြားစိန်နှစ် သက်ရာ
တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထား ရင်ထူးထူးခြားခြားကံမြင့်မားမယ် …။နောက်တစ်ခုက နဖူးရဲ့ဘယ်ဘက်မှာ ထင်ထင်ရှားရှား
မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင်
အဲဒီမှဲ့ကိုကျတော့ရတနာဆီမီးထွန်းလို့ခေါ်တယ်။အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာကြတယ်။အိမ်ထောင်
ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်တတ်ကြတယ် ။နောက်ပြီး သားကောင်းသမီးကောင်းတွေ ထွန်းကားကြတယ်။
ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက်ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကိုဖွားမြင်နိုင်ကြတယ်။=ဘာသာရေးဆိုရင်လည်း
အရမ်းစိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်
ဒီဘဝတွင် ဘာသာတရား လိုက်စားမယ်ဆိုရင် တရားထူး တရားမြတ်တောင် ရနိုင်တယ်လို့ အဆိုရှိပါတယ်။နောက်တစ်မျိုးကဘယ်ဘက်မျက်ခမ်း
နဲ့ အထက်နှုတ်ခမ်းကြားထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီးရှိနေ တယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်
ဘယ်လောက်ပဲငွေကြေးတွေစည်းစိမ်ဥစ္စာတွေပြည့်စုံနေပေမယ့်စိတ်ဆင်းရဲရတတ်တယ်၊သောကများမယ်၊ငယ်စဉ်ကလေးဘဝကတည်းက
ကြန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက် များစွာနဲ့ ဖြတ်သန်းရတတ်ပါတယ်။နောက်ပြီးအိမ်ထောင်ဆက်လဲများတတ်တယ်။သူတို့တွေဟာ
အနက်ရောင်ဆိုရင် လုံးဝ မဝတ်သင့်ဘူး။ ရှောင်သင့်တယ
ကျောက်စိမ်းကို လည်း မဝတ်သင့်ဘူး။ စိန် ဥဿဖယား ပုလဲစတဲ့ ရတနာတစ်ခုခုကိုကိုယ်နဲ့မကွာဝတ်ထားသင့်တယ်။နောက်မှဲ့တစ်မျိုးကိုကြတော့
ညာဘက်အောက် မျက်ခမ်းနဲ့အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတယ် ဆိုရင်
မျက်ရည်ခံကြီးလို့ခေါ်တယ်၊သူတို့ရဲ့ဘဝတစ်လျှောက်ဆုံးရှုံးမှုကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီးအသက်ကြီးတဲ့အချိန်မှာဆင်းရဲဒုက္ခရော
က် ရတတ်ပါတယ်။မမျှော်လင့်ပဲ ခင်ပွန်းသည်သေဆုံး တတ်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်တတ်ပါတယ်။နောက်မှဲ့တစ်မျိုးကိုကြတော့
နှုတ်တဆိတ် လို့ ခေါ်တယ် ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ
ထင်ထင်ရှားရှား အဲဒီမျက်ရည်ခံမှဲ့ကြီးရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီးကိုယ်ကျင့်တရား အထူးကောင်း
မွန်အောင်နေထိုင် ရမယ်။ကုသိုလ်ကောင်းမှု တရစပ် ပြုလုပ်ဆောင်ရွက်ရမယ်၊ အကျင့်သီလကို အကောင်းဆုံးဖြစ်အောင် နေထိုင်ရမယ်
Credit .