ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့် ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥတွေ လတ်မလတ်

 

သိနိုင်ဖို့ရန်အတွက် စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း ၄ မျိုးကို မျှဝေပေးချင်ပါတယ်

၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ

ကြက်ဥတစ်လုံးကို ယူပြီး နားအနားမွာ အသာ ဖြေးဖြေးလှုပ်ကြည့်ပါ

လတ်ဆတ်တဲ့ ကြက်ဥမှန်ရင် ဘာအသံမွ မထွက်ပါဘူး အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး

၂။ ရေထဲသို့ထည့်ကြည့်ပါ

ခြက္တစ္ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ

ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာထည့်ကြည့်ပါ လတ်ဆတ်သော ကြက်ဥများသည် ရေအောက်သို့ နစ်မြုပ်သွားပြီး သိပ်မလတ်သော ကြက်ဥများသည် ရေထဲသို့ အနည်းငယ် နစ်သွားမည် ဖြစ်သည်

လုံးဝမလတ်သော ကြက်ဥများသည် ရေပေါ်သို့ ပေါ်လာပါလိမ့်မည်

၃။ ကြက်ဥ အနစ်ကို ကြည့်ပါ

ကြက်ဥကို ခွဲပြီး အကာနှင့် အနှစ်ကို ကြည့်နိုင်ပါတယ်။ လတ်ဆတ်တဲ့ ကြက်ဥအနှစ်အရောင်က အဝါရောင် ကြည်တောက်နေပြီး အနှစ်ပုံစံကလည်း လုံးဝန်းနေပါသေးတယ်

မလတ်ဆတ်တော့တဲ့ ကြက်ဥအနှစ်အရောင်ကတော့ အရောင်ဖျော့နေပြီးတော့ အနှစ်ပုံစံကလည်း ပြားနေပါလိမ့်မယ်

၎။ ကြက်ဥ အကာကို ကြည့်ပါ

ကြက်ဥတစ်လုံးကို ခွဲပြီး ပန်းကန်ပြားတစ်ချပ် ထဲသို့ ထည့်ကြည့်ပါ

လတ်ဆတ်တဲ့ ကြက်ဥဆိုရင်တော့ အနှစ်က အကာထက် နည်းနည်းလေး မြင့်နေပြီးတော့ အနှဈတ၀ိုကျမှာ အကာကရှိနေတာ တွေ့ရပါလိမ့်မယ်

အဲလိုမှမဟုတ်ဘဲအကာကအနည်းငယ်ကြည်နေတယ်ဒါပေမယ့်အနှစ်နဲ့တော့ကပ်နေသေးတယ်ဆိုရင်ဒီကြက်ဥသိပ်မလတ်တော့ဘူးလို့ပြောလို့ရပါတယ်လုံးဝမလတ်တော့တဲ့ ကြက်ဥဆိုရင်တော့ အကာက ရေလိုဖြစ်နေပြီး ကြက်ဥအနှစ်နဲ့ သိပ်မကပ်တော့ပါဘူး

Leave a Reply

Your email address will not be published.