ချစ်လှစွာသောပရိသတ်ကြီးရေပရိသတ်တွေရဲ့အချစ်တော်ဒါရိုက်တာကိုပေါက်ကတော့ဒီနေ့မှာမွေးနေ့ကျရောက်တဲ့သူရဲ့သားအကြီးေ
လးမွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းလေး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆုတောင်းပေးလာခဲ့ပါတယ်။ ကိုပေါက်က “
သားကြီးအတွက်မွေးနေ့ဆုတောင်း။ သားသားရေ သားသားကိုဖေဖေတို့က နှစ်တိုင်း နှစ်တိုင်းမွေးနေ့လုပ်ပေးခဲ့တယ်။ မွေးနေ့တိုင်းလည်း
ဖေဖေတို့မိသားစု အတူတူအမြဲရှိခဲ့ကြတယ်။ ဆယ်ကျော်သက်ဖြစ်တဲ့ ဒီ (၁၁) နှစ်ပြည့်မွေးနေ့ကျမှ အတူတူရှိခွင့်မရတာ နာကျင်ရပါတယ် သားရေ
ဒါပေမယ့် ဖေဖေတို့ထက်ဆိုးတဲ့မိသားစုဘဝတွေအများကြီး ပြန်ဆုံခွင့်မရတော့တာတွေထက်စာရင်တော့ ဖြေသာပါတယ်သားရေ။ တချို့
မိသားစုတွေဆိုရင် မွေး နေ့ဆုတောင်းပေးစရာတွေမရှိတော့ဘူး။ တချို့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်တွေကမိသားစုထံကို
ဘယ်တော့မှပြန်မလာနိုင်တော့ဘူးသားရေ။သူတို့ဘဝတွေကပိုသနားဖို့ကောင်းတယ်။ကိုယ်အဆင်ပြေနေလို့ပတ်ဝန်းကျင်ကိုမေ့ထားတ
တ်တဲ့လူမဖြစ်အောင် အဆိုးနဲ့အကောင်း၊ အကျိုးအကြောင်းကို ခွဲခြားဆုံးဖြတ်တတ်တဲ့ ဉာဏ်အမြှော်အမြင်ရှိပါစေသား
တရားခြင်းနဲ့မတရားခြင်း၊ဓမ္မနဲ့အဓမ္မကိုခွဲခြားသိတတ်ပြီးအမှန်တရားဖက်ကအမြဲတန်းရပ်တည်ပြီးခိုင်မာတဲ့စိတ်ဓာတ်တွေအမြဲရှိပါစေသား
သားရေ
အိမ်ကိုဖေဖေပြန်မလာနိုင်သေးတဲ့အချိန် သားချစ်တဲ့မေမေနဲ့ ညီလေးကို စောင့်လျှောက်ပေးနိုင်ပါစေ။ ဖေဖေအရမ်းချစ်တဲ့ ကိုကြီးသော်ရေ။ သားသားဘဝမှာ
အဆင်မပြေခဲ့တာတွေရှိခဲ့ရင် ဖေဖေ့ကိုနားလည်ပေးပါ။ ဖေဖေဆူခဲ့ ၊ ဟောက်ခဲ့၊ရိုက်ခဲ့မိတာတွေက သားသားကို မချစ်လို့ မုန်းလို့မဟုတ်ဘူးဆိုတာ သားသားသိ ပါစေ
သားသားရဲ့လိုအင်ဆန္ဒများ ပြည့်ဝပါစေသားရေ။ ဖေဖေမရှိတဲ့အချိန် မေမေ့စကားနားထောင်ပါသားရေ။ ဖေဖေစိတ်ပူတယ်။ သားသားတို့ညီအစ်အစ်
ကိုနှစ်ယောက်က စမက်ဒေါင်းဆော့ဖို့ဖေဖေ့ကိုမျှော်နေတဲ့အချိန် ဖေဖေပြန်မလာနိုင်သေးဘူး။ အခုတော့မေမေနဲ့ဆော့ထားနှင့်နော်
ဖေဖေပြန်ရောက်မှ အသား ကုန်ချကြမယ်။ အားမွေးထား လက်ကို ခဏခဏဆေး mask တပ်ပြီး အားရှိအောင်စားကြနော်
သားသားတို့အမြဲကျင့်သုံးရမယ့်တရားက ချစ်စရာကောင်းတဲ့ လူကိုချစ်ပါ။ မုန်းစရာကောင်းတဲ့လူကို သနားပါတယ်ဆိုတဲ့စိတ်နည်းနည်းမှမထားပဲ
ပြတ်ပြတ်သားသားမုန်းတတ်ရမယ်
အမှန်တရားကို တန်ဖိုးထားပြီးချစ်တတ်တဲ့သူ ၊ အမျိုးဘာသာ သာသနာနဲ့တိုင်းပြည်ကိုချစ်တဲ့သားကြီးဖြစ်ပါစေ။ ရောဂါကပ်ဆိုးနဲ့ စနစ်ဆိုးကနေ
သားသားတို့လို ကလေးများအားလုံး နောက်ဘယ်တော့မှ မကြုံတွေ့ရပါစေနဲ့လို့ဖေဖေဆုတောင်းပါတယ်။ သားရဲ့အဝေးရောက်ဖေဖေ ၁၆.၇.၂၀၂၁ ” ဟုဆိုပြီး
သားကြီးရဲ့မွေးနေ့မှာမွေးနေ့ဆုတောင်းနဲ့အတူဆုံးမစကားရယ်အတူမရှိပေးနိုင်မွေးနေ့ပွဲလေးမလုပ်ပေးနိုင်တဲ့အတွက်စိတ်မကောင်းဖြ
စ်ကြောင်းကိုဖော်ပြထားခဲ့ပါတယ်။ပရိသတ်ကြီးတွေလည်းကိုပေါက်ရဲ့သားကြီးလေးမွေးနေ့အတွက်မွေးနေ့ဆုတောင်းလေးတွေတော
င်းပေးခဲ့ကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း
သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့် ဆုမွန်ကော်င်းတောင်းပေးလိုက်ပါတယ်နော်
Credit ; CeleZone