အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါ့မယ်​

၁။​အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါ​ကြောင့် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

၂။​အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမ​လောင်နိုင်ပါဘူး၊ ဒါ​ပေမယ့် မီးလောင်ခြင်းကို အား​ပေးပါတယ်။ ဒါ​ကြောင့် မီးဖို​ဘေး၊ မီးနဲ့ပတ်သက်တဲ့ ​နေရာ​တွေနဲ့ ​ဝေး​ဝေးထား​ပေးရပါမယ်။ ဒီအိုးနားမှာ ​ဆေးလိပ်မ​သောက်ရပါဘူး။မီးပျက်လို့ သူ့​ပေါ်မှာ ဖ​ယောင်းတိုင်​လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူး​။

၃။​လေဖြည့်ထားတဲ့ ​အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ ​လေ​ပေါင် pressure 1800psi ရှိတာမို့ ​လေရှိ​နေတဲ့အိုး​တွေကို ထုရိုက်ခြင်း၊ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ​ရှောင်ကြဉ်ရပါမယ်။

၄။အ​ရေးအကြီးဆုံးက​တော့ ​အောက်ဆီဂျင်​အိုး​တွေဟာ ဆီမှန်သမျှ​ကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိ​အောင်ထား​စေချင်ပါတယ်။လှည့်တဲ့ ဝှီးဘား​လေးကြပ်​နေလို့ ဆီ​လေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါ​စေနဲ့။​ filling လုပ်တဲ့အချိန်ပေါက်ကွဲ​စေတတ်ပါတယ်။

၅။​အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။သတိရှိနိုင်ကြပါ​စေ။

Crd.

ေအာက္ဆီဂ်င္အိုး ဝယ္ေဆာင္ထားသူမ်ားအတြက္ အထူးသတိျပဳရန္ အေရးႀကီးအခ်က္မ်ား

ေအာက္ဆီဂ်င္ အိုး​ေတြကိုဝယ္ယူ အိမ္မွာ​ေဆာင္ထားၾကၿပီဆို​ေတာ့ ​ေဆာင္ရန္ ​ေရွာင္ရန္​ေလး​ေတြ ​ေျပာ​ေပးပါ့မယ္​

၁။​ေအာက္ဆီဂ်င္ဟာ radiation မျဖစ္ပါဘူး။ ဒါ​ေၾကာင့္ သူ႔နားမွာ ဖုန္း​ေျပာနိုင္ပါတယ္။

၂။​ေအာက္ဆီဂ်င္ဟာ ကိုယ္တိုင္မီးမ​ေလာင္နိုင္ပါဘူး၊ ဒါ​ေပမယ့္ မီးေလာင္ျခင္းကို အား​ေပးပါတယ္။ ဒါ​ေၾကာင့္ မီးဖို​ေဘး၊ မီးနဲ႔ပတ္သက္တဲ့ ​ေနရာ​ေတြနဲ႔ ​ေဝး​ေဝးထား​ေပးရပါမယ္။ ဒီအိုးနားမွာ ​ေဆးလိပ္မ​ေသာက္ရပါဘူး။မီးပ်က္လို႔ သူ႔​ေပၚမွာ ဖ​ေယာင္းတိုင္​ေလးထြန္းတာမ်ိဳး လုံးဝလုံးဝမလုပ္ရပါဘူး​။

၃။​ေလျဖည့္ထားတဲ့ ​ေအာက္ဆီဂ်င္အိုးဟာ အတြင္းထဲမွာ ​ေလ​ေပါင္ pressure 1800psi ရွိတာမို႔ ​ေလရွိ​ေနတဲ့အိုး​ေတြကို ထုရိုက္ျခင္း၊ၾကမ္းၾကမ္းတမ္းတမ္းပစ္ခ်ျခင္းမ်ိဳးကို ​ေရွာင္ၾကဥ္ရပါမယ္။

၄။အ​ေရးအႀကီးဆုံးက​ေတာ့ ​ေအာက္ဆီဂ်င္​အိုး​ေတြဟာ ဆီမွန္သမၽွ​ေၾကာက္ပါတယ္။ ဓါတ္ဆီ၊ ဒီဇယ္၊ စားဆီ၊ ​ေခါင္းလိမ္းဆီ စသည္မ်ားႏွင့္ လုံးဝမထိမိ​ေအာင္ထား​ေစခ်င္ပါတယ္။လွည့္တဲ့ ဝွီးဘား​ေလးၾကပ္​ေနလို႔ ဆီ​ေလးထည့္လိုက္မယ္ဆိုတာမ်ိဳးေတြ လုံးဝလုံးဝ မလုပ္မိပါ​ေစနဲ႔။​ filling လုပ္တဲ့အခ်ိန္ေပါက္ကြဲ​ေစတတ္ပါတယ္။

၅။​ေအာက္ဆီဂ်င္အိုးကို လဲက်ျခင္းမျဖစ္​ေအာင္ ခိုင္မာတဲ့ တစ္ခုခုမွာ ခ်ည္​ေႏွာင္ထားရပါမယ္။သတိရွိနိုင္ၾကပါ​ေစ။

Crd.

Leave a Reply

Your email address will not be published. Required fields are marked *