ပုသိမ်မြို့ သာသနဇောတိပါလကျောင်းမှ အရှင်ဝါယာမိန္ဒာဘိဝံသ ပါဠိပါရဂူ၊ ပိဋကတ်တယပါရဂူ ကှိဗစ်ရောဂါနဲ့ ပျံလွန်တော်မှူ
ပုသိမ်မြို့ သာသနဇောတိပါလကျောင်းမှ အရှင်ဝါယာမိန္ဒာဘိဝံသ ပါဠိပါရဂူ၊ ပိဋကတ်တယပါရဂူ ကှိဗစ်ရောဂါနဲ့ အောက်စီဂျင်ကျလို့
ဒီကနေ့မနက် ၇ နာရီမှာပဲပျံလွန်တော်မူသွားခဲ့ပါတယ်။မြောင်းမြ၊ တိုက်သစ်ပဇ္ဇောတာရုံရဲ့ သမိုင်းဝင်ပါဠိပါရဂူဘွဲ့ရ ကျောင်းသားဟောင်းဖြစ်ပြီး
ငတ်လတ်ကြီးဓမ္မာစရိယတို့ကို နှစ်မခြားဘဲ အောင်မြင်ပြီးပါဠိပါရဂူ၊ သထုံ ပိဋကတ္တယပါရဂူဘွဲ့တို့ကိုရရှိခဲ့သော ဆရာတော်ဖြစ်ပါတယ်။ သထုံ
သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းရဲ့ကိုးကွယ်ခံ ပုစ္ဆကဆရာတော်၊ပိဋကတ်စာပေကျွမ်းကျင်၍အနေအထိုင်တော်သော ဆရာတော်၊အသိရော
အကျင့်ပါ စွယ်စုံလှသော ဆရာတော်ပဲဖြစ်ပါတယ်
crd-36Myanmar