Alpha နဲ့ Delta ဗိုင်းရပ်စ် နှစ်မျိုးပေါင်းပြီး ကူးစက်ခံရမှုတွေ စတင်တွေ့ရှိ…see more

ဆောက်လုပ်ရေးလုပ်သား ၇ ဦးဟာ တချိန်တည်းမှာပဲ ကှိဗစ်ဗိုင်းရပ်စ် (၂) မျိုး ရော ယှက်ကာ ကူးစက်ခံထားရကြောင်း

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ဘန်ကောက်က အကြီးမားဆုံးဆောက်လုပ်ရေးလုပ်ငန်းခွင့်က

လုပ်သားတွေဖြစ်ပြီး အဆိုပါလူနာတွေဟာ Alpha နဲ့ Delta ဗိုင်းရပ်စ်နှစ်မျိုးစလုံး ကူးစက်ခံထားရတာဖြစ်ကြောင်း Bangkok Post က

ဖော်ပြခဲ့ပါတယ်

Alpha ဗိုင်းရပ်စ်အမျိုးအစားကတော့ အင်္ဂလန်မှာ စတင်တွေ့ရှိခဲ့ပြီး Delta ကိုတော့ အိန္ဒိယမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်

ဆေးသိပ္ပံဦးစီးဌာနအကြီးအကဲ ဒေါက်တာ Supakit Sirilak က တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဌာနတွင်းအကျဉ်းချုံးအစည်းအဝေးမှာ

ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။လူနာ ၇ ဦးစလုံး အခြေအနေတည်ငြိမ်ကောင်းမွန်နေပြီး စိုးရိမ်စရာလက္ခဏာတွေ

ရှိလာတာမျိုးမရှိဘးလို့လည်း သူက ပြောခဲ့ပါတယ်

အခုလိုမျိုး ရောဂါမျိုးစိတ်များစွာကနေ တစ်ပြိုင်တည်းကူးစက်ခံရတဲ့ coinfection လူနာတွေရဲ့ ရောဂါလက္ခဏာတွေက

ပိုပြီးထူးခြားစိုးရိမ်စရာမရှိဘူးလို့လည်း သူက ပြောခဲ့ပါတယ်။“သို့သော်လည်း၊ ဒီလိုမျိုးရောနှောကူးစက်တဲ့ဖြစ်ပွားမှုတွေက

မျိုးစပ်မှုဖြစ်လာနိုင်ပါတယ်၊ ဗိုင်းရပ်စ်သစ်တစ်ခုပေါ့၊ ကျွန်တော်တို့မမြင်တွေ့ချင်တဲ့အရာတစ်ခုပါပဲ” လို့ ဒေါက်တာ Supakit က

ဆိုပါတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းက လုပ်သားပေါင်း ၁၇၃၇ ဦးကို စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး ၁၃၂၇ ဦးမှာ

တွေ့ရှိခဲ့တာဖြစ်ပါတယ် ၂၃.၃% ဟာ Alpha ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၇၃.၇% ကတော့ Delta ဗိုင်းရပ်စ်ဖြစ်တယ်လို့လည်း

ခွဲခြားသတ်မှတ်နိုင်ခဲ့ပါတယ်။ထိုင်းနိုင်ငံတွင်း ကိုဗစ်အမျိုးအစားတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ရာမှာလည်း ဒေါက်တာ Supakit က

Alpha နေရာမှာ ကူးစက်မြန် Delta က အစားထိုးနေရာယူဖို့ နီးကပ်နေပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်

ဧပြီလ ၁ ရက်နေ့ကနေ ပြီးခဲ့တဲ့ သော ကြာနေ့အထိ စစ်ဆေးမှုတွေမှာတော့ Alpha က ၇၄.၁% ၊ Delta က ၂၄.၁၄% နဲ့ ပြည်နယ်ပေါင်း ၆၀

မှာတော့ Beta ကူးစက်မှုရှိကြောင်း သိရပါတယ်။ ဘန်ကောက်မှာတော့ Delta ဗိုင်းရပ်စ်ကစတင်လွှမ်းမိုးနေပြီဖြစ်ကာ Alpha က

၅၇.၁% ရှိနေသေးတယ်လို့ သိရပါတယ

The River news

Leave a Reply

Your email address will not be published.