ညဘက်ကြီး အောက်ဆီဂျင် အကူအညီတောင်းလို့ အခက်အခဲကြားက ရှာပေးခဲ့ပြီးလာပို့တော့မှ ဖုန်းကိုချပစ်ကာ စနောက်ခံခဲ့ရတဲ့
လူငယ်လေးတစ်ဦးရဲ့ အဖြစ်ကိုဗစ် ရောဂါကို အဆိုးရွားဆုံး ခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကုသရမယ့် နေရာတွေလည်း
မရှိလို့ရောဂါဒဏ်ကို အတော်လေး ရင်ဆိုင် ကြုံတွေ့နေရပါတယ် ။ဘယ်လောက်တောင် အခြေအနေတွေ ဆိုးနေလည်းဆိုရင် တစ်အိမ်ထဲ
မိသားစုလိုက် သေဆုံးလို့Dead Body လာကောက်ပေးမယ့်သူတွေ မရှိလောက်အောင်ပါပဲ
ရန်ကုန်မြို့ရဲ့ ရေဝေး သုသာန် တွေမှာဆိုရင်လည်း မြင်ရက်စရာတောင်မရှိတဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေ ရာကျော်ချီနေပါပြီ ။ဒါ့ကြောင့်လည်း
ဒီထက်အခြေအနေတွေ မဆိုးလာအောင် ပြည်သူတွေ အချင်းချင်း တတ်နိုင်သလောက် ကူညီ ရိုင်းပင်းနေကြတာပါ
။ဒီလိုကူညီပေးနေသူတွေဆိုရင်လည်း သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ပေးကာ ညဆိုရင်လည်း အစစ်အဆေးတွေကြားကမရရအောင် ကျော်ဖြတ်ပြီး
လုပ်ဆောင်ပေးနေရတာပါ ။ ဒါကို တစ်ချို့တွေက တကယ် အကူအညီမလိုဘဲ စနောက်ကာ အပျော်သဘော လုပ်ရပ်တွေ လုပ်ဆောင်လာကြတာ
တွေ့ရပါတယ်
မနေ့ညကဆိုရင်လည်း လူငယ်လေးတစ်ယောက် သူကိုယ်တိုင်လည်း ရောဂါသယ်ဖြစ်ပေမယ့် အောက်ဆီလိုအပ်လို့ အကူအညီတောင်းခံလာတဲ့
စာတစ်စောင်ကြောင့်သူခမျာ ရစေချင်ဇောနဲ့ ရှိတဲ့ ဆိုင်ကယ်ကို မောင်းကာ ညကြီး အချိန်မတော်ရှာဖွေပေးခဲ့ပါတယ်။ အောက်ဆီဂျင်ရလို့
ပျော်ပြီး သွားပို့ပေးချိန်မှာ သူရဲ့ ဖုန်းကို ချပစ်ပြီး
စနောက်ခံခဲ့ရတာကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို ” ခုမှ မြို့ထဲကပြန်လာတာ အိမ်တောင်မပြန်ရသေးဘူး oxygen
ရလာလို့ပျော်နေတာဗျာကျနော့ကိုမလိုပဲphလာမဆက်ပါနဲ့ တကယ်တောင်းပန်းပါတယ်ဗျာ ကို့ဟာနဲ့ကိုတောင် ရောဂါသည်ပါ
ကျနော့မှာချမ်းသာတာဆိုလို့ ဆိုင်ကယ်နဲ့ လုပ်ပေးချင်စိတ်ပဲရှိတာ
မကြည့်ရက်လို့ကူညီနေတာပါဗျာ ခဗျားတို့ဗျာ ကျတော်ကျတဲ့မျက်ရည်ကကြောက်လို့ကျတဲ့မျက်ရည်မဟုတ်ဘူး အရမ်းဝမ်းနည်းရတယ်
လူတွေကိုမုန်းလာပြီဗျာကျတော်ပင်ပန်းနေပြီးသားပါ ” ရေးသားထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက်
ဒီလူငယ်လေးရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
crd-original