မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ငဗစ်ရောဂါ ပြဿနာဟာအင်မတန်ဆိုးရွားတဲ့အခြေခံအကြောင်းချင်းရာတွေပေါင်းစုံပြီးရိုက်ခတ်လာတဲ့
“မုန်တိုင်းကြမ်း”ဖြစ်တယ်လို့ကုလသမဂ္ဂကခန့်အပ်ထားတဲ့မြန်မာပြည်လူ့အခွင့်အရေးဆိုင်ရာအထူးသံတမန်တွမ်အင်ဒရူးစ်ကပြောပါတယ်ါ့
ကြောင့် နိုင်ငံတကာကနေ အရေးပေါ် အကူအညီတွေ ပေးကြဖို့ မစ္စတာ အင်ဒရူးစ်ကပန်ကြားလိုက်ပါတယ်။မြန်မာပြည်ရဲ့
ငဗစ် ပြဿနာ ပိုနက်ရှိုင်းနေစေတာဟာ ကူးစက်မြန် ဒယ်လ်တာ ဗေးရီးယဲန့်မျိုးကွဲပျံ့နှံ့ပြီးကူးစက်ခံရသူအရေအတွက်ပေါက်ကွဲထွက်လာတာ
သက်သက်မျှမဟုတ်ဘူးလို့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ကထောက်ပြပါတယ်။“မြန်မာပြည်ရဲ့ကျန်းမာရေးစောင့်ရှောက်
မှု စနစ်က ပြိုကျနေတယ်။ တခါ၊ လူတွေက စစ်အာဏာရှင်နဲ့ ပတ်သက်ရင် ဘာဆိုဘာမှ လက်မခံပဲ၊အယုံအကြည် ကင်းမဲ့မှုကလည်း
အတော်လေး နက်နက်ရှိုင်းရှိုင်း ရှိနေတယ်
ဒီ အခြေအနေတွေဟာ ငဗစ်ပြဿနာကိုပိုမိုဆိုးရွားသွားစေတယ်”လို့မစ္စတာအင်ဒရူးစ်ကပြောပါတယ်။“နိုင်ငံတကာရဲ့အရေးပေါ်အကူအညီတွေသာ
ရမလာဘူးဆိုရင် မြန်မာပြည်မှာ ငဗစ်ကြောင့် သေဆုံးသူ အရေအတွက် အများကြီးများလာလိမ့်မယ်” လို့လည်း မစ္စတအင်ဒရူးစ်က သတိပေးပါတယ်
အာဏာသိမ်းစစ်ကောင်စီထံမှာငဗစ်ကိုကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ရာဘယ်လိုရင်းမြစ်မျိုး၊အစွမ်းအစမျိုးမှရှိမနေတဲ့အပြင်၊တိုင်းပြည်ရဲ့အစိုးရအ
ဖြစ်တရားဝင်မှုလည်းရှိမနေဘူးလို့ကုလလူ့အခွင့်အရေးသံတမန်ကဆိုပါတယ်။စစ်အာဏာသိမ်းမှုမဖြစ်သေးခင်လေးမှာတင်ငဗစ်ကိုင်
တွယ်ရေး အတွက် မြန်မာပြည်ကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က အမေကန် ဒေါ်လာ သန်း ၃၅၀
ထောက်ပံ့ထားတာကိုအာဏာသိမ်း စစ်တပ်က ဘယ်နေရာတွေမှာ သုံးစွဲနေလဲ ဆိုပြီးတော့လည်း မစ္စတာ အင်ဒရူးစ်က မေးခွန်းထုတ်ပါတယ်
“IMF က ထောက်ပံ့ထားတဲ့ ငွေတွေအတွက် စစ်ကောင်စီမှာ တာဝန်ခံမှု ရှိရမယ်။ အခုလည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့
အာဏာသိမ်း စစ်ကောင်စီ အပါအဝင် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဘယ် အဖွဲ့အစည်းမျိုးတွေ ကနေမှ တဆင့် မဟုတ်ပဲ ငဗစ် တုန့်ပြန်ရေးတွေ
လုပ်ဆောင်ပေးပါ
မြန်မာပြည်သူတွေ ယုံကြည် စိတ်ချမှု ရှိတဲ့ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တွေလည်း ဖော်ဆောင် ပေးဖို့ လိုတယ်” ဆိုပြီး မစ္စတာ
အင်ဒရူးစ်က ပြောပါတယ်။မြန်မာပြည် ငဗစ်အရေး တွမ်အင်ဒရူးစ် အခုလို ပြောထားတာတွေကို လူသားချင်း စာနာနားလည်မှု ဆိုင်ရာ
အကူအညီတွေ ပေးအပ်တဲ့ ကုလအဖွဲ့ ဖြစ်တဲ့ ယူအဲန်အိုချာက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်
မြန်မာနိုင်ငံထဲ လတ်တလော ကြုံတွေ့နေရတဲ့ အောင်ဆီဂျင် မရရှိနိုင် ဖြစ်နေရတဲ့ အခြေအနေ အပါအဝင် တခြား ကျန်းမာရေး ဆိုင်ရာ
အရင်းအမြစ်တွေ မပြည့်မစုံ မလောက်မင ဖြစ်နေရတာတွေက လူ သေဆုံးမှုတွေ ဖြစ်နေစေတယ် ဆိုပြီး တွမ် အင်ဒရူးစ်က
အဲဒီထုတ်ပြန်ချက်ထဲ ပြောထားတာ တွေ့ရပါတယ်
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ ထောင်နဲ့ချီ ရှိနေတဲ့ အကျဉ်းထောင်တွေထဲ လူတွေ ပြွတ်သိပ်နေပြီး ငဗစ်ဒဏ် အဆိုးဆုံး ခံရနိုင်တဲ့
နေရာတွေ ဖြစ်တယ်လို့လည်း မစ္စတာ အင်ဒရူးစ်က ဆိုပါတယ်။“စစ်အာဏာသိမ်းပြီး ဥပဒေမဲ့ ဖမ်းဆီးခံထားရသူတွေဟာ အခုဆို အသက်
အန္တရာယ် စိုးရိမ် နေရပြီ
အထူးသဖြင့် ရောဂါအခံ ရှိသူတွေ ထောင်ထဲ အခုအချိန် နေရတာဟာ သေဒဏ်အချခံရသလိုပဲ” ဆိုပြီး မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။