အမေစုနဲ့ စစ်ခေါင်းဆောင် ယနေ့တွေ့ဆုံတယ် ဆိုတာနဲ့ပတ်သတ်ပြီး ပန်ဆယ်လိုပြောဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်
တွေ့ဆုံမှုတွေ ရှိတယ်လို့ သတင်းတက်လာတယ်။ သတင်းမီဒီယာကြီးတွေက တက်တာမို့ ယုံကြည်စရာကောင်းတဲ့ သတင်းဖြစ်ပေမယ့်
သတင်းစာကိုယ်ကို အသေအချာဖတ်ကြည့်ရင် ထူးခြားတာတစ်ခု တွေ့ရပါလိမ့်မယ်
ဒီသတင်းကို မီဒီယာဆီပြောကြားက စစ်တပ်အရာရှိတစ်ယောက်ပါ။ သတင်းSource က စစ်တပ်အရာရှိတစ်ဦးက ပြောကြားတယ်လို့
ရေးသားထားပါတယ်။စဉ်းစားကြည့်ရအောင်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က ဖမ်းဆီးခံထားရသူပါ။ ဖမ်းဆီးခံထားရသူဆီ
ဖမ်းတဲ့သူက သွားတွေ့တယ်
တွေ့ချင်ပါတယ် ခွင့်တောင်းမှာ မဟုတ်သလို မတွေ့ချင်ဘူးငြင်းလည်း ဝင်တွေ့ရင် တွေ့မှာပဲ။ တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က
ဘယ်လို တုံ့ပြန်လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာချုပ်နှောင်ထားမှန်းတောင်
မသေချာတဲ့အနေအထားမှာ ဒီသတင်း ဟုတ်မဟုတ် ဒေါ်အောင်ဆန်းစုကြည်ဘက်က အတည်ပြုပေးလို့ရတဲ့ အခြေအနေမရှိဘူး။
တစ်ဖက်သတ် သူတို့ပြောစကားပဲ ရှိတယ်
သွားတွေ့ပြီး သူတို့ကိုယ်တိုင်က သတင်းမီဒီယာကို တွေ့ဆုံကြောင်း ပြောတယ်။ ဒါဟာ ရန်/ငါပြတ်နေပြီဖြစ်တဲ့၊ စစ်တပ်ကို
ခါးခါးသီးသီးဖြစ်နေပြီ ဖြစ်တဲ့၊ ညှိနှိုင်းရေးကို လေသံတောင် မကြားချင်တော့တဲ့ ပြည်သူကို နင်တို့အမေတောင် ညှိချင်နေပြီ၊ တွေ့လားလို့
စိတ်ဓါတ်ပျက်ပြားအောင် ထည့်တဲ့ Psywar ပါ
ဒေါ်အောင်ဆန်းစုကြည်ကသာ မင်းအောင်လှိုင်စစ်တပ်ရဲ့ အယုတ်တမာညှိနှိုင်းမှုကို လက်ခံခဲ့မယ်ဆိုရင်
အခုအာဏာသိမ်းတဲ့ဖြစ်စဉ်တောင် ဖြစ်လာစရာ မရှိဘူးဆိုတာ မမေ့ကြပါနဲ့။အာဏာသိမ်းမယ်လို့ လက်နက်ကိုင် ခြိမ်းခြောက်တဲ့ စစ်တပ်ရဲ့
အပေါ်စီးဆန်တဲ့ အခြေအနေမှာတောင် ဒေါ်အောင်ဆန်းစုကြည်က မလိုက်လျောခဲ့တာ၊ အခုလို အုပ်ချုပ်နိုင်စွမ်းကင်းမဲ့နေတဲ့ စစ်တပ်ရဲ့
အောက်တန်းနောက်တန်းကျတဲ့အခြေအနေမှာ လိုက်လျောဖို့ဆိုတာ ဖြစ်နိုင်စရာ မရှိဘူး
ဒါဟာ ကိုယ့်ဖဲကိုယ်ချိုး ကလဖန်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေကြား လျှိုလိုက်တဲ့ သပ်ထက် မပိုဘူး။ တော်လှန်ရေးကို
အယုံအကြည်ကင်းမဲ့အောင် ထပ်ယုတ်မာလိုက်တာပဲ။သူတို့ဖြစ်စေချင်တာ အဖြစ်ခံကြတော့မှာလား။ သူတို့က သွေးကွဲစေချင်တာ၊
ကွဲကြတော့မှာလား။ သူတို့က အားလျော့စေချင်တာ၊ အားလျော့ကြတော့မှာလား။အကြံဆိုးမှန်သမျှ မယုံကြည်ဘူးဆိုတာနဲ့ အာခံကြမယ်။
အယုတ်တမာတွေ ကျဆုံးရမယ်
ပန်ဆယ်လို