အမေစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ယနေ့ တွေ့ဆုံခဲ့တဲ့အကြောင်း…see more

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံ ထားရသည့် အရပ်သားအစိုးရခေါင်းဆောင် နိုင်ငံတော် ၏

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အာဏာသိမ်း စစ်တပ်ခေါင်းဆောင်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး

မင်းအောင်လှိုင်တို့ (ဇူလိုင်လ ၁၅ ရက်) ဒီကနေ့တွင် တွေ့ဆုံခဲ့သည်ဟု တပ်မတော်နှင့်နီး စပ်သော အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်

ယင်းသို့ တွေ့ဆုံမှု့တွင် အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်က မည်သည့်ကိစ္စဖြင့် သွား ရောက်တွေ့ဆုံသည်ကို လတ်တ လော မသိရှိရသေးကြောင်း သိရသည်။အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ အတိုင်ပင် ခံပုဂ္ဂိုလ် အတွက် ရှေ့နေ လိုက်ပါဆောင်

 

ရွက်ပေးနေသူများအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် သိရှိခြင်း မရှိသေးကြောင်း ပြန် လည်ဖြေကြားခဲ့ပါ သည်

“အန်တီနဲ့က ကျွန်မတို့က ရုံးချိန်းရှိတဲ့နေ့မှ အ ဆက်အသွယ်ရတာ။ ခုမေးတဲ့ဟာကိုတော့ ကျွန် မတို့လည်း မသိရသေးဘူး

ဟုအတိုင်ပင်ခံပုဂ္ဂိုလ်၏ရှေ့နေအဖြစ်ဆောင် ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က MCTVclub သို့ ပြောကြားခဲ့ပါသည်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံတွေ့ဆုံပွဲသို့ စစ်ကောင်စီဘက်မှ ခန့်အပ်ထားသည့် နိုင်ငံ ခြားရေးဝန်ကြီး ဦဝဏ္ဏမောင် လွင်တက်ရောက်ခဲ့ပြီးမည်သည့်အကြောင်း အရာများ ဆွေးနွေးခဲ့သည်ကို စစ်ကောင်စီဘက်မှ

သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရှိရခဲ့ပါသည်

ဓာတ်ပုံ- ယခင်တွေ့ဆုံမှု့ကပုံ
Credit myanmarcelebrityclub_edition

Leave a Reply

Your email address will not be published. Required fields are marked *