ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်မြို့တွင်လူဦးရေ၁၂ဝဝဝန်းကျင်ဆံ့ကွာရန်တင်းစင်တာတည်
ဆောက်ပြီးစီးသွားပြီဖြစ်ပြီးငဗစ်Pလူနာများကိုစတင်လက်ခံနေပြီဖြစ်ကြောင်းကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းကယနေ့ဇူလိုင်၁၅ရက်သတင်းထုတ်
ပြန်သည်
အဆိုပါ ကွာရန်တင်းစင်တာ (Container House Quarantine Center) ကို ကွန်တိန်နာ အလုံးရေ ၂၀၀ ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး
လူဦးရေ ၁၂၀၀ ဝန်းကျင် ထားရှိနိုင်ကြောင်း၊ စင်တာ၏ အခန်း
ခန်းစီတွင် ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ကုတင်၊ မီး၊ Air Con များ ပါဝင်ကြောင်း သိရသည်။စင်တာရဲ့ တစ်ခန်းချင်းဆီမှာ
ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ကုတင်၊ မီးနဲ့ Air Con
တွေ ပါဝင်ပြီး လက်ရှိမှာတော့ လူနာတွေကို လက်ခံနေပြီဖြစ်ပါတယ်ယင်း စင်တာကို Hanley Group Limited ၏ မန်နေဂျင်းဒါရိုက်တာ၊
ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ၊ လောက်ကိုင်မြို့နယ်စီမံ
အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ချောချောအေးက ဆောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်သည်ဟုလည်း ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Container House တလုံးကို
တရုတ် ယွမ်ငွေ ၂၀,၀၀၀ ပျမ်းမျှ မြန်မာငွေကျပ် ၅၀ သိန်း ဝန်းကျင်ကုန်ကျပြီး အလုံးရေ ၂၀၀ ဖြစ်ရာ မြန်မာငွေကျပ် သိန်း ၉,၀၀၀ ကျော်
တန်ဖိုးရှိကြောင်း သိရသည်။မနေ့ ဇူလိုင် ၁၄ ရက်အထိ လောက်ကိုင်
မြို့နယ်မှာ က်ှုဗစ် လူနာ (၁,၈၇၀)ဦးထဲက သက်သာလာသူ(၃၈၆)ဦးနဲ့သေဆုံးသူ၅ဦးရှိနေပါတယ်။ဒီစင်တာမှာကွာရန်တင်းဝင်လိုသူတွေအနေနဲ့
သာမန်အရပ်သားဆိုရင်အခမဲ့ဖြစ်ပြီးတော့ ကုမ္ပဏီ
ဝန်ထမ်းဆိုရင်တော့ တစ်ဦးကို တစ်ရက် စားသောက်စရိတ် ယွမ် ၁၀၀ (မြန်မာငွေကျပ် ၂၀၀၀၀ ဝန်းကျင်) ပေးဆောင်ရမှာဖြစ်ပါတယ်