မြန်မာနိုင်ငံမှာ ယခုတလော ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာပြီး အောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာတွေကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်

နေရာတိုင်းမှာလည်း ပြည်သူတွေဟာ မိမိတို့ရဲ့ လူနာတွေအတွက် အသက်ရှုရဖို့ တစ်နေကုန်တစ်နေခန်း

နေပူမိုးရွာနေတဲ့ ကြားကနေ စက်ရုံရှေ့တွေမှာ အလုအယက် ဝယ်ယူစောင့်ဆိုင်းနေကြရတဲ့ စိတ်မကောင်းစရာ မြင်ကွင်းတွေကလည်း

နေ့စဉ်အမျှလူမှုကွန်ယက်တွေမှာပျံ့နှံ့လာခဲ့ပါတယ်။ဒါ့အပြင်ကိုဗစ်လူနာတွေကိုကုသပေးနေတဲ့ဆေးရုံကြီးတွေနဲ့ကိုဗစ်စင်တာတွေမှာ

လည်း အောက်ဆီဂျင်များပြတ်လပ်နေရတာတွေ ရှိလာခဲ့ပါတယ်

ယခုရက်ပိုင်းအတွင်း လူအများအပြားသေဆုံးနေရတဲ့ အဓိကပြဿနာကတော့ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။ ဒီလို

ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေအတွက် ငွေကြေးပြည့်စုံတဲ့ အလှူရှင်တွေကလည်း အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်ဖို့

အလှူငွေတွေ လှူဒါန်းပေးကြတာတွေ့နေရပါတယ်။ ယခုမှာလည်း အောက်ဆီဂျင်များ အသုံးပြုနေရတဲ့ ရန်ကုန် ပြည်သူတွေအတွက်

ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုကို ကြားသိရပါတယ်

ဒီသတင်းကတော့ ထိုင်းဘက်ခြမ်းကနေ တန် (၂၀) ဝင်ဆန့်တဲ့ အောက်ဆီဂျင်ကားကြီး (၂၆) စီးဟာ ဇူလိုင် (၁၄) ရက်နေ့မှာ ထိုင်း-မြန်မာ

အမှတ် (၂) တံတားမှတဆင့် မြဝတီမြို့ကို ရောက်ရှိခဲ့ပြီးနောက် ပြည်တွင်းသို့ ဆက်လက်ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။အဆိုပါ

အောက်ဆီဂျင်ကားကြီး (၂၆)စီးဟာ ရန်ကုန်မြို့ကို တစ်ရက်ခြားစီရောက်ရှိလာမှာ ဖြစ်ပါတယ်။ အောက်ဆီဂျင်(၄၀)လီတာဝင်အိုးပေါင်း

(၃၂၀၀)အိုး ဖြည့်တင်းပေးနိုင်မှာဖြစ်ပြီ ဆေးရုံများ၊ ကိုဗစ်စင်တာများအတွက်အဓိက ဦးစားပေးအစီအစဉ်ထားသလို နောက်ထပ်

 

အောက်ဆီဂျင်တွေကိုလည်းထပ်မံမှာယူထားတယ်လို့လည်းကြားသိရပါတယ်။ဒီသတင်းဟာအမှန်ဖြစ်မယ်ဆိုရင်တော့ရန်ကုန်နေပြည်သူ

တွေအတွက် ဝမ်းသာရတော့မှာ အမှန်ပါနော်…။

သတင်းအရင်းမြစ်: Source – Original Upload

Leave a Reply

Your email address will not be published.