တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ ဒီကနေ့ အထိ ရှိနေဆဲပါ ။ဒီထဲမှာ ကလေးငယ်လေးတွေလည်း များစွာ ပါဝင်နေပြီး သူတို့လေးတွေရဲ့ ရှေ့ဆက်မယ့် အနာဂတ်တွေ အတွက် နှမြောတသ ဖြစ်မိတာ အမှန်ပါပဲ

ကျောင်းစာသင်ရမယ့် အရွယ်လေးတွေမို့ ဒီလိုကာလတွေမှာ ကျောင်းမတက်နိုင်ပေမယ့်လည်း တောထဲမှာပဲ စာသင်နေကြတဲ့ သင်ယူချင်စိတ်ရှိပုံတွေကလည်း လေးစားစရာပါပဲ

ကလေးငယ်လေးတွေ ဖြစ်လို့ ခုလို မိုးတွင်းကာလတွေမှာ ရေမသန့်ရှင်းမှုတွေကြောင့် ဝမ်းရောဂါတွေ ၊ အရေးပြား ရောဂါတွေလည်း ခံစားနေကြရတာကို တွေ့ရပါတယ်

ပြည်မက ပြည်သူတွေ ၊ ပရဟိတ အသင်းတွေကလည်း သူတို့လေးတွေ အတွက် အဓိကထားပြီး စားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ ၊ အဝတ်အထည်တွေ အင်တိုက် အားတိုက် လှူဒါန်းပို့ဆောင်ပေးနကြတာပါ

အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးက စစ်ဘေးရှောင် ကလေးငယ်လေးတွေကို မုန့်ပဲသရေစာများ သွားရောက် လှူဒါန်းဝေမျှခဲ့ပါတယ် ။မုန့်တွေကို အလုအယက် ယူကြပြီး ချက်ချင်းဖောက်စားကာ ပျော်ရွှင်နေကြတဲ့ ကလေးလေးတွေကို ကြည့်ပြီး ကိုယ်ပါ ပီတိဖြစ်မိပါတယ်

ပရိသတ်ကြီး အတွက် မုန့်တွေရလို့ ပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှပေးလိုက်ပါတယ်။ ရွှေပါရမီ ပညာဒါန  ထိုင်းနိုင်ငံ crd mmload

Leave a Reply

Your email address will not be published.