မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှပြည်သူများအတွက်ကန်ဒေါ်လာ၅ဒသမ၈သန်းဂျပန်ကူညီမည်မြန်မာနိုင်ငံအတွက်အရေးပေါ်လူသားချင်း

စာနာထောက် ထားမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်း တိုးချဲ့ပေးအပ်သွားမည်ဖြစ်ကြောင်းဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနက

ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသည်

မြန်မာနိုင်ငံတွင်ထိခိုက်နစ်နာနေသောမြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှပြည်သူများအတွက်ဂျပန်နိုင်ငံကလူသားချင်းစာနာထောက်ထား

မှုဆိုင်ရာ အရေးပေါ်အကူအ ညီထောက်ပံ့ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး တိုရှိမိဆုမိုတဲဂီက ပြောကြားကြောင်း သိရသည်

အစားအသောက်နှင့် နေ့စဉ်လိုအပ်ချက်များ ရှားပါးလာခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုအခြေအနေများ သိသိသာသာ ယိုယွင်းပျက်စီးခဲ့ပြီး

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်သည် များပြားလာနေကြောင်းဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ကြေညာချက်တွင်

ဖော်ပြထား ကြောင်း သိရသည်

အဆိုပါ အရေးပေါ်ထောက်ပံ့ငွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နှင့်

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးများမှတစ်ဆင့်


မြန်မာနိုင်ငံရှိ ပြည်သူများထံ တိုက်ရိုက်ပေးပို့မည်ဖြစ်ပြီး အကူအညီများသည် လူပေါင်းတစ်သိန်းသုံးသောင်းခြောက်ထောင်နီးပါးကို

ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိကြောင်း သိရသည်

စံတော်ချိန်

 

Leave a Reply

Your email address will not be published.