ပြည်သူ့ကာကွယ်ရေးတပ်ဆိုတာြပည်သူထဲကပေါက်ဖွားလာတာမို့ြပည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကာကွယ်စောင့်ရှောက်ပေးဖို့ပြည်

သူတွေကို ဒုက္ခပြန်မပေးဖို့ သင်တန်းတိုင်းမှာ G.Z လူငယ်တွေကို ကျွန်တော် အမြဲသွန်သင်ဆုံးမပေးနေပါတယ်

တစ်ချိန်မှာ ဒီလူငယ်တွေကတိုင်းပြည်ကို ဦးဆောင်သူတွေဖြစ်လာပါလိမ့်မယ်။လက်နက်ကိုင်တာဟာ မိမိလူမျိုးမိမိတိုင်းပြည် မိမိပြည်နယ်

မိမိဒေသက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ပါ


လက်နက်မရှိတဲ့ပြည်သူတွေကိုအနိုင်ကျင့်သတ်ဖြတ်ဖို့မဟုတ်ပါဘူး။လက်နက်ကိုင်ထားသူဟာလူစိတ်ရှိရပါမယ်။မြန်မာပြည်မှာလူစိတ်

မရှိသူ လက်နက်ကိုင်ခဲ့တော့ ပြည်သူတွေ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရပါတယ်။လူစိတ်မရှိတဲ့ စစ်အာဏာရှင်ကိုပြန်လည်ခုခံဖို့

ပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ လက်နက်ကိုင်ရပေမယ့် ပြည်သူတွေ မိမိပစ်ဖောက်မိလိုက်တဲ့ သေနတ်သံကြောင့် ထိတ်လန့်ကြောက်ရွံ့

မှု မဖြစ်စေဖို့ ရပ်ထဲရွာထဲမှာအကြောင်းမဲ့ သေနတ်တစ်ချက် မဖောက်မိပါစေနဲ့….လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေကို

သနားညှာတာစိတ်ထားပါ စောင့်ရှောက်ကြပါ လို့သေနတ်ကိုင်တော့မယ့် G.Z လူငယ်များကို အထူးမှာကြားလိုက်ပါရစေ….။ရဲမင်း(AAC)

စစ်အာဏာရှင်တော်လှန်ရေး လွတ်မြောက်နယ်မြေ

Leave a Reply

Your email address will not be published.