မနေ့က အသိတိုင်း လူတိုင်းပြတ်နေတာက အောက်ဆီဂျင်ပါ။ ဆိုက်ကားသမားလေးလဲ အောက်ဆီဂျင်မရှိ၊ နိုင်ငံတိုင်းကို လည်ပတ်ခဲ့သူ သူဌေးကြီးလဲ အောက်ဆီဂျင်မရှိပါ။ တေဇက လွဲလို့ပေါ့
ယခုအချိန်မှာ အောက်ဆီဂျင်ဟာ ရွှေထက်တောင် ရှားနေပါပြီ။ ဘယ်သူမှ ငတုံး မအလပြောသလို အောက်ဆီဂျင်ကို ဒေါ်လာစုသလို လိုက်စုနေတာမဟုတ်ပါ။ လွန်ခဲ့တဲ့ ငါးရက်ကျော်က အောက်ဆီဂျင်ဟာ အပြင်မှာ မိမိဖာသာ ဖြည့်လို့ရနေပါသေးတယ်
စောက်ရူး အာဏာရူးမအလ အစည်းအဝေးထလုပ်အပြီး အောက်ဆီဂျင်စက်ရုံတွေကို ဝင်စီးအပြီးမှာ အောက်ဆီဂျင်က ရွှေထက် ရှားသွားခဲ့ပါပြီ။အချို့က ဆေးရုံသွားရင် အောက်ဆီဂျင်ရမယ်လို့ ပြောကြပါတယ်။ မနေ့က ဆေးပညာပါမောက္ခကြီးတစ်ဦးရဲ့ အစ်ကိုတောင် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးမှာ အောက်ဆီဂျင်ပြတ်ပြီး သေသွားခဲ့ပါတယ်။ နားကြားမှားတာ မဟုတ်ပါ
ဒီသတင်းက အမှန်ပါ။ သူလို ဆေးပညာပါမောက္ခရဲ့ အစ်ကိုတောင် အောက်ဆီဂျင်ပြတ်ရင် အခြားလူဆို မပြောပါနဲ့။သာမန် လူက ဆေးရုံနားတောင် ကပ်မရပါ။သေခါနီးလူက ဘောမခင်ခင်ကြီးပြောသလို ထောက်ခံစာလိုက်တောင်းနေတာနဲ့ သေတာများပါတယ်။ အချို့ဆို လင်သေပြီး နှစ်ရက်အတွင်း မယားပါ လိုက်သေပါတယ်
ကှိုဗစ်က အဲ့ဒီလောက်ဆိုးတာပါ။ ဒါဆို အောက်ဆီဂျင်က ဘယ်ရောက်သွားလဲ? ယခင်က ပြောခဲ့ ရေးခဲ့သလိုပါဘဲ။ ကှိုဗစ်ဟာ တပ်ထဲမှာလဲ အောက်ခြေမိသားစုတွေကို ကူးစက်နေပြီး မအလက လောလောဆယ် အောက်ဆီဂျင်စက်ရုံတွေကို ဝင်စီးပြီး သူ့တပ်ကိုထောက်ပံ့ဖို့ လူမဆန်စွာ လုပ်ထားပါတယ်။ သာမန်လူကယခုအောက်ဆီဂျင်စက်ရုံ စဆောက် ရင်တောင် တစ်လလောက်ကြာမှ ရမှာပါ
ဒီကြားထဲမှာ လူပေါင်းများစွာ အသက်ပေါင်းများစွာ သေရမှာပါ။ ဒါဟာ မအလရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် အာဏာရူးတာကြောင့် ပြည်သူတွေ မသေသင့်ဘဲ သေရတာပါ။ဒါမျိုး အနာဂတ်မှာထပ်မဖြစ်အောင် ဘာလုပ်ရမလဲ? အချို့က ငါတို့ဆန္ဒမပြရင်၊ ငါတို့ CDM မလုပ်ရင်၊ ငါတို့ လက်နက်ကိုင်မတိုက်ရင် ငါတို့က ဘေးကင်းမယ်လို့ ထင်သူများ ရှိခဲ့မှာပါ
နိုင်ငံရေးဟာ ငါနဲ့မဆိုင်ဘူးလို့ ထင်သူများလဲ ရှိမှာပါ။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုသူများလဲ ရှိမှာပါ။ယခု မအလ လက်ထက်မှာ မိမိပိုက်ဆံ ပြန်ထုတ်ဖို့ တန်းစီနေရပြီး တန်းစီတာတောင် ထုတ်မရဖြစ်နေသလို အောက်ဆီဂျင်ကလဲ တန်းစီတာတောင် မရတော့ပါ
သေသူတောင် သဂြိုလ်ဖို့ တန်းစီနေရပြီး တန်းစီတာတောင် သဂြိုလ်မရတော့ပါ။ ကှိုဗစ်မှာ မိမိအမျိုးတွေ အောက်ဆီဂျင်မရလို့ သေဆုံးခဲ့ရရင် သူတို့အတွက် လက်စား ချေဖို့ မအလကို ဖြုတ်ချဖို့ စာရေးသူတို့အားလုံးမှာ ယခင်ကထက် တာဝန်ပိုရှိသွားပါပြီ။ ယခုအချိန်မှာ သိကြားမင်းတောင် ရင်ကြားလာစေ့လို့ မရတော့ပါ Credit- MyatTunOo