ကပ်ဘေးတွေကင်းဝေးစေဖို့ မင်းကွန်းဆရာတော်ဘုရားကြီး​၏ ရတနသုတ်တော်

မြန်မာပြည်သူများ ကပ်ဘေးကင်းဝေးကာ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကြပါစေ

ရတနသုတ် ရွတ်ဖတ်ခြင်း အကျိုး

ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။ စုန်း၊ တစ္ဆေ ၊ ကေဝ ပယောဂ ဟူသမျှကို နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခ ရောက်ရသောအခါ၊ အချုပ်ထောင် နှောင် အိမ်စသည်တို့၌ ကျရောက်သောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်း နတ်မြတ် တို့၏ စောင်မကြည့်ရှုခြင်းကို ခံရမည်ဖြစ်ပေသည်။

၁။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော၊ ဒသ ဥပပါရမိယော၊ ဒသ ပရမတ္တ ပါရမိယောတိ၊သမတ္တိံ သ ပါရမိယော၊ ပ ဉ္စ မဟာပရိစ္စာဂေ၊ လောကတ္ထ စရိယံ ဉာတတ္ထ စရိယံ၊ ဗုဒ္ဓတ္ထ စရိယန္တိတိေဿာ စရိယယော၊ ပစ္ဆိမဘေဝ ဂဗ္ဘဝေါက္ကန္တိံ၊ ဇာတိံ အဘိ နိက္ခမနံ၊ ပဓာနစရိယံ ဗောဓိပလ္လင်္ကေမာရဝိဇယံ၊ သဗ္ဗညုတညဏပ္ပဋိဝေဓံ၊ ဓမ္မစက္ကပ္ပဝတ္တနံ၊ နဝ လောကုတ္တရဓမ္မေတိ၊သဗ္ဗပိမေ ဗုဒ္ဓဂုဏေ၊ အာဝဇ္ဇေတွာ ဝေသာလိယာ တီသုပါကာရန္တ ရေသု၊တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊ အာယသ္မာ အာနန္ဒတ္ထေရော ဝိယ၊ကာရုညစိတ္တံ ဥဋဌပေတွာ

၁။ အို – သူတော်ကောင်းအပေါင်းတို့ ဒီပင်္ကရာဘုရားထံ နိယတဗျာဒိတ် ခံယူတော်မူသည်မှ အစပြု၍ – ပါရမီ ၁ဝပါး၊ အပြား ၃ဝကို ဖြည့်ကျင့်တော်မူခြင်း၊ စွန်းခြင်းငါးပါးကို စွန့်တော်မူခြင်း၊ စရိယသုံးပါးကို ဖြည့်ကျင့်တော်မူခြင်း၊ နောက်ဆုံးဘဝ ပဋ္ဋိသန္ဓေနေတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊

တောထွက်တော်မူခြင်း၊ ဒုက္ကရစရိယာကျင့်တော်မူခြင်း၊ ဗောဓိပလ္လင်တော်၌ မာရ်ငါးပါး အောင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်ရတော်မူခြင်း၊ ဓမ္မစကြာတရားဟောတော်မူခြင်း၊ လောကုတ္တရာတရားကိုးပါးနှင့် ပြည့်စုံတော်မူခြင်း၊

စသော ဘုရားဂုဏ်တော်အားလုံးကို ကြည်ညိုလေးစားစွာ အာရုံံ ပြု၍ ဝေသာလီပြည် မြို့တံတိုင်း ၃ ထပ်အကြား၌ တစ်ညလုံး ပရိတ်ရွတ်တော်မူသော ရှင်အာနန္ဒာထုံးကို နှလုံးထားကြပြီး သတ္တဝါများကို သနားကြင်နာသော စိတ်ထားဖြင့် –

၂။ ကောဍီ သတ သဟေဿသု၊ စက္ကဝါဠေသု ဒေဝတာ။ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယ ဉ္စ ဝေသာလိယာ ပုရေ။

၃။ ရောဂါ မနုဿဒု ဗ္ဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ။ခိပ္ပ မန္တရ ဓာပေသိ၊ ပရိတ္တံ တံ ဘဏာမ ဟေ၊

၂ – ၃။ စကြဝဠာ ကုဋ္ဋေတစ်သိန်း၌ နေထိုင်ကြသော သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက ရတနာသုတ်၏ တန်ခိုးအာဏာကို လက်ခံတော်မူကြပါသည်။ ဝေသာလီပြည်၌ ဖြစ်ပေါ်နေသော ဘေးကြီးသုံးပါးကို အမြန်ဆုံးပျောက်ကင်းစေနိုင်သော အထူးလေးစား အပ်သော ရတနသုတ်ပရိတ်တော်ကို ပေါင်းစုညီညာရွတ်ဆိုကြပါစို့

၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၄။ ဤပရိတ်ရွတ်ရာအရပ်သို့ ဘုမ္မစိုးနတ်များ၊ ဗြဟ္မာ ၂၀ ရှိ ဗြဟ္မာများ၊ ရုက္ခစိုးနတ်များ၊ နတ်ပြည် ၆ထပ်ရှိ နတ်များ ညီညီညာညာ ရောက်ရှိနေကြပါပြီ၊ အားလုံးသောနတ် ဗြဟ္မာများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ၊ ရတနသုတ်ပရိတ်တော်ကို ရိုရိုသေသေနာယူနိုင်ကြပါစေ။

၅။ တသ္မာ ဟိ ဘူတာ နိသာမေတ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၅။ အို – နတ်ဗြဟ္မာအပေါင်းတို့ ဘုရားဟော ရတနသုတ် ပရိတ်တရားတော်ကို ရိုသေစွာ နာယူမှတ်သားတော်မူကြပါ။ သတ္တဝါများကို မေတ္တာထားတော်မူကြပါ၊ ဗဟိနတ်စာ ပူဇော်ပသသောသူများကို အမြဲစောင့်ရှောက်တော်မူကြပါ။

၆။ ယံကိ ဉ္စိ ဝိတ္တံ ဣဓ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။နနော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၆။ လူ့ပြည် နဂါးပြည် ဂဠုန်ပြည် နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိရှိသမျှ ရတနာတို့တွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၇။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။န တေန ဓမ္မေန သမတ္ထိ ကိ ဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏိတံ။ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၇။ လောကီရတနာ လောကုတ္တရာရတနာအားလုံးတွင် မြတ်စွာဘုရားသိမြင်တော်မူအပ်သော ကိလေသာမရှိရာ ရာဂငြိမ်းရာ မအိုရာ မနာရာ မသေရာ ဖြစ်သော နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊ သမာဓိ မာနန္တရိက ညမာဟု၊သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ သမာဓိ စေတသိတ်တို့တွင် အရဟတ္တမဂ်နှင့် ယှဉ်သော သမာဓိသည် အမြတ်ဆုံးဖြစ်၏။ လောကီရတနာအားလုံးထက်လည်း မြင့်မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၉။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ မြတ်သောအလှူကို ခံယူတော်မူထိုက်သော ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်သည် လောကီရတနာအားလုံးတို့ထက် အမြတ်ဆုံးဖြစ်တော်မူပါသည်။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘု ဉ္စမာနာ။ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀။ နိဗ္ဗာန်ကိုအာရုံပြုကာ ဖလသမာပတ် ချမ်းသာဖြင့်နေထိုင်တော်မူကြသော ရဟန္တာအရှင်မြတ်များသည် လောကီရတနာ အားလုံးတို့ထက် အမြတ်ဆုံးဖြစ်တော်မူကြပါသည်။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၁။ ယထိန္ဒခီလော ပထဝိဿိတော သိယာ၊ စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။ တထူပမံ သပ္ပုရိသံ ဝဒါမိ၊ ယောအရိယသစ္စာနိ အဝေစ္စ ပဿတိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၁။ သောတပန်ပုဂ္ဂိုလ်များသည် လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်သော ကျောက်တိုင်ကြီးနှင့် တူပါသည်။ သောတပန်ပုဂ္ဂိုလ်များသည် လောကီရတနာအားလုံးတို့တွင် အမြတ်ဆုံးဖြစ်တော်မူကြပါသည်။ဤသစ ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၂။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊ ဂမ္ဘီရ ပညေန သုဒေသိတာနိ။ ကိ ဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ နတေ ဘဝံ အဋ္ဌမ မာဒိယန္တိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၂။ သောတပန်ပုဂ္ဂိုလ်များသည် ကာမသုဂတိဘုံမှာ ပဋ္ဋိသန္ဓေရှစ်ကြိမ ်အတိမနေကြတော့ပါ။ အများဆုံး ပဋ္ဋိသန္ဓေ ၇ ကြိမ်သာ နေကြရပါသည်။ သောတပန်ပုဂ္ဂိုလ် သည် လောကီရတနာတို့တွင် အမြတ်ဆုံးဖြစ်တော်မူပါသည်။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၃။ သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။ သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆိတ ဉ္စ၊ သီလဗ္ဗတံဝါပိ ယဒတ္ထိ ကိ ဉ္စိ။

၁၄။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊ ဆစ္စာဘိ ဌာနာနိ အဘဗ္ဗ ကာတုံ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၃-၁၄။ သောတပန်ပုဂ္ဂိုလ်များသည် ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ တရားသုံးပါးကို ပယ်ပြီးဖြစ်ကြပါ သည်။ အပါယ်တံခါးပိတ်ပြီး ဖြစ်ကြပါသည်။ ကံကြီးငါးပါးကို မကျူးလွန်ကြတော့ပါ။ တိတ္ထိများကို ဆရာမတင်ကြတော့ပါ။ သောတပန်ပုဂ္ဂိုလ် များသည် လောကီရတနာအားလုံးတို့ထက် မြင့်မြတ်တော်မူကြပါသည်။ဤသစ္စာစက ားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၅။ ကိ ဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ။ အဘဗ္ဗသော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅။ သောတပန်ပုဂ္ဂိုလ်များသည် မကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံများကို မတော်တဆပြုမိခဲ့ ပါက ဖုံးကွယ်မထားကြဘဲ ပညာရှိ သူတော်ကောင်းများထံ ဝန်ခံရိုးထုံးစံ ရှိကြပါသည်။ သောတပန်ပုဂ္ဂိုလ်များသည် လောကီရတနာအားလုံးတို့ထက် မြင့်မြတ်တော်မူကြပါသည်။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၆။ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။ တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၆။ နွေလေးလတို့တွင် ပထမဆုံးလဖြစ်သော တန်ခူးလအခါသမယ၌ အစီအရီပင်လုံးကျွတ် ဖူးပွင့်နေကြသော ပန်းမာလာတို့ဖြင ရွှန်းရွှန်းအိအိ အသရေရှိလှသော တောအုပ်ကြီးနှင့်တူသော ပရိယတ္တိတရားတော် ကို မြတ်စွာဘုရား ၄၅ ဝါကာလကြာအောင် ဟောတော်မူခဲ့ပါသည်။ တရားဒေသနာရှင် ဘုရားသခင်သည် လောကီရတနာအားလုံ းတို့ထက် သာလွန်မြင့်မြတ်တော်မူပါသည်။

၁၇။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော။ အနုတ္တရော ဓမ္မဝရံ အဒေသယိ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၇။ မြတ်စွာဘုရားသည် မြတ်သောနိဗ္ဗာန်က သိမြင်တော်မူ၏။ မြတ်သောနိဗ္ဗာန်က ပေးတော်မူတတ်၏။ မြတ်သောအကျိုးကိ ဆောင်တော်မူတတ်၏။ မြတ်သောတရားကို ဟောတော်မူတတ်၏။ မြတ်စွာဘုရားသည် လောကီရတနာအားလုံးတို့ထက် သာလွန်မြင့်မြတ်တော်မူ၏။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၈။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊ ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။ တေ ခီဏဗီဇာ အဝိရုဠှိ စန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၈။ ရဟန္တာပုဂ္ဂိုလ်များမှာ ကုသိုလ်ကံ၊ အကုသိုလ်ကံ အဟောင်းအသစ်ကုန်ဆုံး လေပြီ၊ ပဋိသန္ဓေနေချင်သေ ာ စိတ်ဆန္ဒရှိတော်မမူကြ၊ ပဋိသန္ဓေမျိုးစေ့ ကုန်ဆုံးတော်မူကြလေပြီ၊ ပရိနိဗ္ဗာန်စံခဲ့ သော် ဆီမီးတောက်ငြိမ်းသကဲ့သို့ နိဗ္ဗာန်ရောက်ကာ အေးငြိမ်းတော်မူ ကြကုန်၏။ ရဟန္တာပုဂ္ဂိုလ်များသည် လောကီရတနာအားလုံ းတို့ထက် သာလွန်မြင့်မြတ်တော်မူကြကုန်၏။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။

၁၉။ ယာနီဓ ဘူတာနိ သမာဂထာနိ၊ ဘုမ္မာနိ ဝါ ယာနိ၀ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ။ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ ဘုမ္မာနိ ဝါ ယာနိ၀ အန္တလိက္ခေ၊ တထာဂတံ ဒေဝမနုဿ ပူဇိတံ။ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ၀ အန္တလိက္ခေ၊ တထာဂတံ ဒေဝမနုဿ ပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတု။ ရတန သုတ္တံ နိဋ္ဌိတံ။

၁၉-၂၀-၂၁။ ဤပရိတ်ရွတ်ရာအရပ ်သို့ စည်းဝေးရောက်လာကြသော နတ် ဗြဟ္မာများဖြစ်ကြ သော တပည့်တော်တို့သည မြတ်စွာဘုရားကို ရှိခိုးကြပါကုန်၏။ တရားတော်မြတ်ကို ရှိခိုးကြပါကုန်၏။ သံဃာတော်များကိုရှိခိုးကြပါကုန်၏။ သတ္တဝါများ ချမ်းသာကြပါစေ။

Leave a Reply

Your email address will not be published.