ကှိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ တော်တော်လေးကို အခြေအနေဆိုးရွားနေတာ ဖြစ်ပါတယ်။ ထိန်းချုပ်ကာကွယ်လို့တောင် မရနိုင်တော့ဘဲ လူကြီးလူငယ်မရွေး နေ့စဉ်နဲ့အမျှ ကွယ်လွန်နေကြတာကို ဝမ်းနည်းစွာ မြင်တွေ့နေကြရပါတယ် ရေဝေးသုဿာန်မှာတွင်လည်း မနေ့က နေ့လည်ကနေ ညအထိ သဂြိုလ်စက်ရှေ့တွင် ကွယ်လွန်သွားကြသူများကို မီးသဂြိုလ်ဖို့ စောင့်ဆိုင်းနေကြသူတွေ ရာနဲ့ချီရှိနေပါတယ်

 

ဒီလိုမြင်ကွင်းမျိုးဟာ မြန်မာနိုင်ငံတွင် တစ်ခါမှ မဖြစ်ဖူးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှလည်း သူ့ရဲ့ လူမှုကွန်ယက်တွင် မှောင်ရီစပျိုးချိန်အထိ သဂြိုလ်ဖို့ များစွာကျန်ရှိနေတာကြောင့်ကြမ်းပြင်မှာတောင်

ချထားရတဲ့အခြေအနေကို ကြေကွဲစွာ မြင်တွေ့ရမယ့် ဗီဒီယိုဖိုင်တစ်ခုကို ရိုက်ကူးဝေမျှထားတာ ဖြစ်ပါတယ်။ မနေ့ကတစ်နေ့တည်းနဲ့တင် သဂြိုလ်ရတဲ့ အလောင်းအရေအတွက် ၂၀၀ ကျော်ရှိတယ်လို့လည်း ကနဦးသတင်းများအရ သိရှိရပါတယ်

မိခင်အသင်းဖြစ်​သော လူမှုကူညီ​ရေးအသင်း ရန်ကုန် တွင် မ​နေ့က နာ​ရေးကား​မောင်း ကုသိုလ် ပြုခဲ့ပါတယ်။ရေ​ဝေး သုဿန် နှင့် ကျီစုသုဿန်များသို့ ပို​ဆောင်​ပေးခဲ့ပါသည်။နာ​ရေးပို့​ဆောင်သူ​တွေကို တစ်ဦးသာ ​စောင့်​ရှောက်ခွင့်​ပေးပါတယ် အနားကို အလာမခံ ပါဘူး

ဆေးရုံ​ဆေးခန်း​တွေမှာကွယ်လွန်ကြတဲ့သူများကို​တော့အ​အေးခန်းထားခွင့်​ပေးပါတယ်။နေအိမ်တွင်ကွယ်လွန်သွားရင်​တော့ ​နေ့ချင်းသဂြိုလ်ကြရပါတယ်အခုဆိုအရင်ထက်ကွယ်လွန်သူ​တွေများပြားနေတာ 5 ရက်​လောက်​တော့ ရှိ​နေပြီ ဒီ​နေ့လည်း ဘယ်​လောက်ဖြစ်မလည်း မသ်ပါဘူး  ဆိုပြီး သုဿာန်များတွင် လက်ရှိဖြစ်နေတဲ့ အခြေအနေများကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှ ရေးသား ဝေမျှထားပါတယ်

ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတဲ့ Dead body များကို ထုတ်ပိုးတာလည်း အရမ်းစနစ်ကျဖို့ လိုသလို၊ သယ်ဆောင်သူဟာလည်း PPE ဝတ်ပုံ၊ချွတ်ပုံတွေ SOP အတိုင်း စနစ်တကျ လိုက်နာဖို့ လိုအပ်ပါတယ် Dead body နား အပြင်လူ သာမန်အဝတ်အစားတွေနဲ့ ကပ်မိရင်တောင် တော်တော်လေးကို အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်ပါတယ် ဒါ့ကြောင့် ဒီကာလမှာ ပြည်သူတွေအားလုံး အသက်ရှင်သန်ဖို့ အစွမ်းကုန် ကာကွယ်ကြဖို့ လိုပါတယ် လိုအပ်မှသာ အပြင်သွားလာကြဖို့ တိုက်တွန်းပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ် Credit MMload

Leave a Reply

Your email address will not be published.