မြန်မာစစ်ကောင်စီကို အမေရိကန်နှင့်နိုင်ငံတကာ လက်ခံလာရေး အကျိုး ဆောင် လုပ်ပေးနေသည့် အစ္စရေးထောက်လှမ်းရေးဟောင်း
ငွေမရ၍ အလုပ်ရပ်ဆိုင်း
အကြမ်းဖက် မြန်မာစစ်ကောင်စီကို နိုင်ငံတကာက လက်ခံလာရေး အကျိုး ဆောင်လုပ်ပေးရန် မြန်မာစစ်တပ်က ငှားရမ်းထားသည့်
အစ္စရေးထောက် လှမ်းရေးဟောင်း Air Ben-Menashe က သူ၏ စစ်တပ် လော်ဘီလုပ်သည့် အလုပ်ကို ငွေမရ၍ ရပ်ဆိုင်းလိုက်ကြောင်း
ရိုက်တာသတင်းအရ သိရှိရသည်
မြန်မာစစ်ကောင်စီကို အမေရိကန်က လက်ခံလာရေးအပါအဝင် နိုင်ငံတကာဝင်ဆန့်နိုင်ရန် အကျိုးဆောင်လော်ဘီ လုပ်ပေးရန်အတွက်
မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးနှင့် Air Ben-Menashe တို့ ဒေါ်လာ ၂ သန်းကျော် ဖြင့် သဘောတူညီအလုပ်လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ
စီးပွားရေးပိတ်ဆို့မှုများကြောင့် သူ့အတွက် လုပ်အားခငွေမရနိုင်တော့သဖြင့် အလုပ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ် သည်ဟု သိရှိရသည်
Ari Ben-Menashe နှင့် ကနေဒါရှိ သူ၏ အကျိုးဆောင်ကုမ္ပဏီ Dickens & Madson Canadaသည် ၂၀၂၁ ခုနှစ် မတ်လတွင်
မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးနှင့် ဒေါ်လာ ၂ သန်းကျော်တန် လော်ဘီလုပ်ငန်းအတွက် လက်မှတ်ထိုးခဲ့ကြောင်း အမေရိကန်နှင့်
အနောက်နိုင်ငံများက မြန်မာစစ်ဗိုလ်ချုပ်များကို နားလည် လက်ခံလာရေးအတွက် လော်ဘီလုပ်ပေးရန် လုပ်ငန်းအပ်နှံခြင်းဖြစ်ကြောင်း
သိရှိရသည်
လုပ်ငန်းအပ်နှံချိန်က အမေရိကန်စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားလိုက်သည်နှင့် သူ၏ လော်ဘီ လုပ်ခ ဒေါ်လာ ၂ သန်း
လက်ခံရရှိမည်ဟု ပြောဆိုခဲ့ကြောင်း မြန်မာစစ်ဗိုလ်ချုပ်များနှင့် ပူးတွဲ အလုပ်လုပ်နေခြင်းဖြစ်သည် အမေရိကန်က
မြန်မာစစ်ဗိုလ်ချုပ်များအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကိုချိုးဖောက်နေခြင်းဖြစ်သည်ဟု ဥပဒေကျွမ်းကျင်သူက
ပြောဆိုကြသည်
လက်ရှိတွင် အမေရိကန်က မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်သော စီးပွားရေ းပိတ်ဆို့ အရေးယူမှုများကို ဆက်တိုက် ဆိုသလို
ဆောင်ရွက်လျက်ရှိသည် အစ္စရေးထောက်လှမ်းရေးဟောင်းက သူ့အနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ကောင်းမွန်သော
ဆက်ဆံရေးရှိသော်လည်း လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရခြင်းမှာ အမေရိကန်ပိတ်ဆို့မှုများကြောင့် လုပ်အားခမရနိုင်၍ ဖြစ်ကြောင်း၊
မြန်မာစစ်ဗိုလ်ချုပ်များကို လုပ်ငန်းရပ်တန့်ကြောင်း ဇွန်လတွင် အကြောင်း ကြားခဲ့ကြောင်း ပြောဆိုသည်
ကျနော်တို့ ငွေမရနိုင်ဘူး ဒါက အရမ်းကို စျေးကြီးပါတယ် ဟု အစ္စရေးထောက်လှမ်းရေးဟောင်း Ben-Menashe က ဆိုသည်
မြန်မာစစ်ဗိုလ်ချုပ်များနှင့်အလုပ်လုပ်စဉ် အစ္စရေးထောက်လှမ်းရေးဟောင်းက CNN သတင်းထောက်ကို မြန်မာပြည်တွင်းသို့
ခေါ်သွင်းနိုင်ရန် စီစဉ်ပေးခဲ့သည်
Ari Ben-Menashe ၁၉၅၁ ခုနှစ်မွေးဖွားသော အီရန် နွယ်ဖွား အစ္စရေး အမေရိကန် စီးပွားရေးသမား လုံခြုံရေးအတိုင်ပင်ခံနှင့်
စာရေးဆရာဖြစ်သည်သူသည် ၁၉၇၇ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ အစ္စရေးထောက်လှမ်းရေးဟောင်းနှင့် လက်နက်ပွဲစားအဖြစ်
လုပ်ကိုင်ခဲ့သည်ဖြစ်သည်။ ကနေဒါတွင် နေထိုင်ပြီး နိုင်ငံတကာ ပို့ကုန်လုပ်ငန်းနှင့် အကျိုးဆောင် လုပ်ငန်းများ
လုပ်ကိုင်နေသူလည်းဖြစ်သည်
၁၉၈၉ ခုနှစ်တွင် ၎င်းသည် အီရန်သို့ စစ်လေယာဉ် ၃ စီး ရောင်းချရန် ကြိုးပမ်းမှုသည် အမေရိကန်၏ ပြည်ပလက်နက်တင်ပို့မှု
ထိန်းချုပ်ဆိုင်ရာ ဥပဒေများ ချိုးဖောက်၍ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး ၁ နှစ်နီးပါး ထောင်တွင်းနေထိုင်ခဲ့ပြီးနောက် ပြန်လည်
လွတ်မြောက်ခဲ့သည်နာမည်ပျက်ရှိသည့်အစ္စရေးထောက်လှမ်းရေးဟောင်းတစ်ဦးလည်းဖြစ်သည်