မြန်မာနိုင်ငံမှာ ငဗစ် ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက ပြည်သူတွေ ကြုံတွေ့
ရင်ဆိုင်နေရပါတယ် အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် သေဆုံးကြသူတွေလည်း တစ်နေ့ထက်တစ်နေ့ မနည်းတော့ပါဘူး ဒါ့ကြောင့်
ခုဆိုရင်တတ်နိုင်သလောက်အလှူရှင်ပြည်သူတွေ၊ပရဟိတအသင်းတွေပူးပေါင်းပြီးအောက်ဆီဂျင်လုံလောက်အောင်ဝယ်ယူလှူဒါန်း
မှုတွေ ပြုလုပ်နေပါပြီ
အခုလည်း ဆရာတော်တစ်ပါးက အောက်ဆီဂျင် အိုးအလွတ်တွေ သိန်းတစ်ထောင်ဖိုး ဝယ်ယူထားပြီး မကြာခင် ရောက်ရှိတော့မယ့်အကြောင်း
သတင်းကောင်းလေး ဝေမျှလာပါတယ် အခုလောလောဆယ်လည်း ဆရာတော်ဆီမှာ ကျန်ရှိနေတဲ့ အောက်ဆီဂျင် တွေကို တစ်ယောက်
တစ်အိုးဆီ လှူဒါန်းပေးလျက်ရှိနေတာကိုလည်း ပုံတွေထဲမှာ တွေ့ရပါတယ် ဒီလို အောက်ဆီဂျင်အိုးတွေ လှူဒါန်းပေးမယ့် ဆရာတော်က
မန္တလေးကလို့လည်း သိရပါတယ်
ဒီလို နေရာတိုင်း အောက်ဆီဂျင်တွေ လှူဒါန်းပေးနေတဲ့ အလှူရှင်တွေ များစွာရှိနေတာမို့ မကြာခင် ဒီအခက်အခဲကြီးကနေ အမြန်ဆုံး
လွတ်မြောက်တော့မယ်ဆိုတာ ယုံကြည်မိတာ အမှန်ပါ ပရိသတ်ကြီးအတွက် မန္တလေးက ဆရာတော်ဘုရားရဲ့ အောက်ဆီဂျင်အလှူလေးကို
ဝေမျှပေးလိုက်ပါတယ် ပရိသတ်ကြီးလည်း အပြင်သွားတိုင်း Mask ကို သေချာတပ်ကာ အစစအရာရာ ဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်