မြန်မာနိုင်ငံသို့ လတ်တလော ခရီးသွားရာဇ၀င်ရှိခဲ့ဖူးလျှင် ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့နိုင်ငံ
စင်္ကာပူနိုင်ငံသို့ ရက်တိုနှင့် ရက်ရှည်လာရောက်လည်ပတ်မည့်သူများ၌ လွန်ခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင် ငံသို့ ခရီးသွားရောက်ခဲ့ဖူးကြောင်း ရာဇ၀င်ရှိခဲ့လျှင်
ပြည်ဝင်ခွင့် သို့မဟုတ် Transit နိုင်ငံအား ယာယီဖြတ်သန်း ခွင့်ကို ရပ်ဆိုင်းမည်ဖြစ် ကြောင်း
စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၄ ရက် တွင် ကြေညာ သည်ဟု Channel News Asia က ယနေ့ ရေးသားသည်
ဇူလိုင် ၁၅ ရက်နေ့ ညသန်းခေါင်ယံ ၁၁း၅၉ နာရီမှ စတင်၍ နောက်ထပ်အမိန့်တစ်စုံတစ် ရာ မထုတ်မပြန်မချင်း အတည်ဖြစ်သည့်
အဆိုပါပြဋ္ဌာန်းချက်တွင် ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအခြေအနေ ပိုမိုဆိုးရွားလာ၍ ဖြစ်ကြောင်း ဖော်ပြသည်
ပြဋ္ဌာန်းချက်သည် လွန်ခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင်ငံအား ယာယီဖြတ်သန်းခဲ့ဖူးပြီး စင်္ကာပူသို့ ၀င်ရောက် ရန် ကြိုတင်ခွင့်ပြုချက်ရယူထားသော ခရီးသွားများနှင့်လည်း သက်ဆိုင်သည်ဆို၏
credit-Htay Oung ,Photo – MNA, PeopleMedia