စိတ်ထဲမှာ အသံနည်းနည်းကျယ်လေးကြားရင်တောင်ထိတ်လန့်တာမျိုး၊နှလုံးခုန်တွေမြန်လာပြီးရင်တုန်တာမျိုး၊အာရုံစူးစိုက်ရခက်တာမျိုးတွေ
ခံစားနေရပြီလား။ ကိုယ့်အရိပ် ကိုယ်မြင်တာကိုတောင် ထိတ်ခနဲလန့်နေပြီဆိုရင် စိတ်ထဲမှာ ပုံမှန်ထက်ကြောက်စိတ်ပိုများနေဲ့အခြေအနေပါ
ဒီအခြေအနေကို သက်သာအောင် အစားအစာတွေနဲ့ ဖြေဖျောက်လို့ ရသလို အချို့သော အစားအစာတွေက ဒီအခြေအနေကိုပိုဆိုးသွားစေနိုင်ပါတယ်
ဒါကြောင့်ဒီလိုစိုးထိတ်မှုတွေများနေတဲ့အခြေအနေမှာကြောက်စိတ်တွေပိုဆိုးမသွားစေဖို့ဘယ်လိုအစားအစာတွေကိုမစားသင့်ဘူးလဲဆိုတာ
ကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်
ကြောက်ရွံ့မှုကို ခံစားနေရတာလား
တစ်ခါတလေမှာ ငါက မကြောက်တတ်ပါဘူးလို့ တွင်တွင် ရေရွတ်နေပေမယ့် စိတ်ထဲမှာ ကြောက်ရွံ့မှုကို ခံစားနေရနိုင်ပါတယ်။ ဒီလို
လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကြောက်စိတ်ဝင်နေတာပါ
ထိတ်လန့်မယ်စိုးရိမ်စိတ် များမယ်နေ့စဉ် ကြုံတွေ့နေရတဲ့ ကိစ္စတွေကိုတောင် ကြောက်လန့်သလို ခံစားနေရမယ်ပင်ပန်းနွမ်းနယ်နေမယ်
အာရုံစူးစိုက်ဖို့ခက်နေမယ်လူမှုဆက်ဆံရေးတွေအဆင်မပြေဖြစ်နေမယ်စိတ်တိုလွယ်မယ်နှလုံးခုန်မြန်မယ်ကြွက်သားတွေတောင့်တင်းနေမ
ယ်ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်နဲ့ အောင့်မယ်စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့
အပေါ်ကပြောခဲ့သလိုလက္ခဏာတွေခံစားနေရပြီးကြောက်စိတ်တွေများနေပြီဆိုရင်ဒီအစားအစာတွေကစိတ်အခြေအနေကိုပိုဆိုးစေနိုင်တာကြောင့်မစားဖို့ ပြောပါရစေအရက်
စိတ်ညစ်ရင် အရက်နဲ့ ဖြေတယ် ဆိုတာ မှားယွင်းနေတဲ့ အယူအဆပါ။ အရက်၊ ဘီယာ၊ ဝိုင်စတဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေက
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်
ကြောက်လို့ သတ္တိရှိအောင်ဆိုပြီး အရက်သောက်တဲ့အခါ မူးနေတုန်း ခဏမှာ ကြောက်စိတ် ပျောက်သွားပေမယ့် အိပ်စက်မှုကို ထိခိုက်စေပြီး
နောက်တစ်နေ့မှ ကြောက်စိတ်ကို ပိုဆိုးလာစေနိုင်ပါတယ်ကဖင်း
ကဖင်း ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက် စတာတွေကိုလည်း ကြောက်စိတ် များနေချိန်မှာ မစားသင့်ပါဘူး။ ကဖင်းက ပမာဏ
နည်းနည်းမှာ စိတ်ခံစားမှုကို ကောင်းစေတယ်ဆိုပေမယ့် ပမာဏ အရမ်းများသွားပြီဆိုရင်တော့ စိတ်ခံစားမှုကို ထိခိုက်စေပါတယ်
ကြောက်နေချိန်မှာ ကဖင်းပါတဲ့ အစားအစာတွေကို စားတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကြောက်စိတ်တွေကို ပိုဆိုးစေနိုင်ပါတယ်
အချိုရည်တွေအချိုရည်တွေက အေးအေးလေးနဲ့ လန်းဆန်းပြီး နေရထိုင်ရ သက်သာသွားသလို ထင်ရပေမယ့် ကျန်းမာရေး ဆိုးကျိုး များသလို
ကြောက်စိတ်ကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ ခံစားနေရပြီဆိုရင် အချိုရည်တွေ၊ ဆိုဒါတွေ
သောက်တာမျိုး မလုပ်ပါနဲသန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်
ပေါင်မုန့်အဖြူ လိုမျိုး သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ လုပ်ထားတဲ့ အစားအစာတွေက ကြောက်နေချိန်မှာ စားသုံးဖို့ မသင့်ပါဘူး။ ပုံမှန်
အားဖြင့်လည်း သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက စားရတာ အရသာ ရှိတယ်။ အမြင် လှတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ ကောင်းကျိုး နည်းပါတယ်
အချိုကဲတဲ့ အစားအစာတွေစိတ်ထဲမျာ ပူပန်မှုတွေ များတဲ့အခါ ကြောက်စိတ်တွေ များတဲ့အခါ အချိုကို ပိုတောင့်တတတ်ပါတယ်
စိတ်လှုပ်ရှားတာလောက်အတွက်တော့ အချိုစားတာက သက်သာစေပေမယ့် ကြောက်စိတ် များတာ၊ စိုးရိမ်ပူပန်တာတွေအတွက်တော့
အချို စားတာက အလုပ်မဖြစ်ပါဘူး။ ခန္ဓာကိုယ်ကို ဝန်ပိစေပြီး စိတ်ခံစားမှုကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်
ပြုပြင်ထားတဲ့ အစားအစာတွေပြုပြင်ထားတဲ့ အစားအစာတွေက ပြင်ဆင်ရတာ လွယ်ကူတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် အကျိုး မဖြစ်တာတော့
အမှန်ပါ။ အသင့်စားတွေ၊ ပြုပြင်ထားတဲ့ အစားအစားတွေမှာ ဓာတုပစ္စည်းတွေနဲ့ အချို အငန် လွန်ကဲစွာ ပါဝင်နေမှုက စိတ်ခံစားမှုကိုရော
ဇီဝကမ္မဖြစ်စဉ်ကိုပါ ထိခိုက်စေနိုင်ပါတယ်
ဒါကြောင့် ကြောက်စိတ် ဖြစ်နေချိန်မှာ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ လတ်လတ်ဆတ်ဆတ် ပြင်ဆင် ချက်ပြုတ်ထားတဲ့
အသီးအရွက်တွေ၊ အသားငါးတွေကို စားပေးပါ
ဒီတော့ ကြောက်စိတ်ကြောင့် အိပ်ရေးပျက်နေတာ စိုးရိမ်မှုတွေ များပြီး အာရုံစိုက်ရခက်နေတာတွေကို ပိုဆိုး မသွားစေဖို့ ဒီ အစားအစာတွေကို
မစားမိဖို့ အကြံ သတိထားစေချင်ပါတယ်